လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ လက်နက်ချလာသည့် စစ်ကောင်စီတပ်သားများ မြင်ကွင်း(ရုပ်သံ)

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ လက်နက်ချလာသည့် စစ်ကောင်စီတပ်သားများ မြင်ကွင်း

ရွှေနွယ်

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ စစ်ကောင်စီတပ်သားအများစုသည် ဇန်နဝါရီလ ၃ ရက် ညနေပိုင်းက မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ထံ လက်နက်ချလိုက်ပြီဖြစ်ကြောင်း MNDAA နှင့် နီးစပ်သူများက အတည်ပြုသည်။

ထို့နောက် စစ်ကောင်စီတပ်သားများ လက်နက်ချနေသည့် ရုပ်သံဖိုင်များကို တရုတ်နိုင်ငံသုံး လူမှုကွန်ရက်စာမျက်နှာတခုတွင် MNDAA နှင့်နီးစပ်သူများက ဖြန့်ဝေထားသည်ကို တွေ့မြင်ရကြောင်း ဒေသခံကပြောသည်။

“ရုပ်သံထဲက ဒကစ ဂိတ်အ၀င် တံခါးပေါက်ပါ” ဟု လောက်ကိုင်ဒေသခံက တည်နေရာကို အတည်ပြုသည်။

အဆိုပါစစ်ကောင်စီတပ်သားများကို ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မဇ္ဈိမမှသတင်းအချက်အလက်များ ရရှိထားသော်လည်း အတည်ပြုစုံစမ်းနေဆဲ ဖြစ်သည်။