ကိုးကန့်နယ်မြေ အားလုံးရပြီးပါက စစ်ဆင်ရေး ဒုတိယအဆင့်ကို ဆက်လက်လိုက်မည်ဟု MNDAA ပြော

ရွှေနွယ်

(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ ကိုးကန့်ပိုင် နယ်မြေဒေသအားလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီးပါကလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်အတွက် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ဆက်လက်လိုက်ပါမှာဖြစ်တယ်လို့ MNDAA ပြောခွင့်ရသူ လီကျားဝင်းက မဇ္ဈိမကိုပြောပါတယ်။

“ကျွန်တော့်ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့လည်း ထုတ်ပြန်ကြေညာချက် ရည်မှန်းချက်ကို အဆင့်တွေခွဲပြီးတော့ သွားနေတာရှိတယ်။ ပထမတဆင့် အောင်မြင်ပြီးရင်တော့ ဒုတိယတဆင့် ဆက်လက်ချီတက်မှာပါ” လို့ပြောပါတယ်။

စစ်ဆင်ရေးရဲ့ဒုတိယအဆင့်က ဘာဖြစ်ပါသလဲ၊ လက်ရှိမှာ MNDAA အနေနဲ့ ကိုးကန့်နယ်မြေတွေထဲကဘယ်ဒေသတွေကို သိမ်းပိုက်ထားပြီးပြီလဲ၊ အကြောင်းအရာအပြည့်အစုံကို ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။