MNDAA၏ သေဒဏ်စီရင်ချက် ဥရောပသမဂ္ဂ ပြစ်တင်ရှုတ်ချ

ဓါတ်ပုံ- The Kokang ရွှေနွယ် (မဇ္စျိမ) ။ ။မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က လူဆယ်ဦးကို သေဒဏ်ချခဲ့ပြီးသုံးဦးကို သေဒဏ်စီရင်လိုက်ကြောင်းသတင်းများပေါ်စိုးရိမ်ကြောင်းနှင့် သေဒဏ်ချသည့် ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ယနေ့(ဧပြီလ ၂၅ရက်) သတင်းထုတ်ပြန်သည်။ ပြစ်မှုကျူးလွန်ထားသည့် ၎င်းတို့၏…

ရှမ်းမြောက်တွင် SSPP နှင့် MNDAA ၂ ရက်ဆက်တိုက်ပွဲဖြစ်၊ ပြေလည်အောင်ညှိနှိုင်းကြရန် ဒေသခံများလိုလား

ဓါတ်ပုံ- သိန္နီမြို့ရဲစခန်းကို MNDAA နှင့်မဟာမိတ်တပ်များ သိမ်းပိုက်ခဲ့စဉ် ဂျူချန်း (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း SSPP ထုတ်ပြန်ချက်နှင့်ဒေသခံများထံမှသိရသည်။ သိန္နီမြို့နယ်၊နမ့်စလပ်ကျေးရွာအုပ်စုနှင့်စယ်အူကျေးရွာအုပ်စုရှိ SSPP တပ်ရှိရာကို…

ရှမ်းမြောက်အပစ်ရပ်နောက်ဆက်တွဲ (Editorial Talk)

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့ထဲက TNLA၊ MNDAA နဲ့ စစ်ကောင်စီတို့ကြား ဟိုင်ဂင်သဘောတူညီချက်အရ ယာယီအပစ်ရပ်ထားကြပေမယ့် ရခိုင်မှာ AA နဲ့ တိုက်ပွဲတွေလျော့ကျသွားတာမရှိသလို ရှမ်းမြောက်နဲ့ နီးစပ်တဲ့ ကချင်ပြည်နယ်မှာပါ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာပါတယ်။ ဒီတပတ် မဇ္ဈိမ Editorial Talk အစီအစဉ်မှာ ရှမ်းမြောက်အပစ်ရပ်ခြင်းရဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်း တို့က ဆွေးနွေးထားပါတယ်။

စစ်ခေါင်းဆောင် သစ္စာခံတို့ရဲ့သွားရာလမ်း 

ဓားရိုင်း စစ်ခေါင်းဆောင်ကို သစ္စာခံသူတွေရဲ့သွားရာလမ်းက မရဏလမ်းနဲ့ အချုပ်ထောင်ပဲရှိတယ်ဆိုတာ လောက်ကိုင်မှာ လက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ်တွေကသက်သေပြသွားခဲ့ပါတယ်။ လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်တွေထဲကသုံးယောက်ကို အင်းစိန်ထောင်ရွှေ့ပြောင်းလိုက်တဲ့သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက  ထွက်ပေါ်လာခဲ့တာပါ။ သေဒဏ်ကျအကျဉ်းသားတွေအဖြစ် အင်းစိန်ထောင်ကို အပို့ခံရသူတွေကတော့ ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူးဟောင်း…

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှသံချပ်ကာ ၁၉ စီး၊တင့်ကား ၄ စီးနှင့် လက်နက်ခဲယမ်းအများအပြား MNDAA ရရှိ

ပုံအညွှန်း-ချင်းရွှေဟော် မာကြာတစ်ပေါက်ပေါက်တောင်ကုန်းမှ သိမ်းဆည်းရရှိသည့် သံချပ်ကာ (The Kokang) ဂျူချန်း (မဇ္ဈိမ)။ ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှ သံချပ်ကာ ၁၉ စီး၊တင့်ကားလေးစီးနှင့်ဒုံးပစ်လောင်ချာအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA…

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုနဲ့ နယ်မြေထိန်းချုပ်နိုင်မှု

ဓာတ်ပုံ – ပုံဟောင်း ဓားရိုင်း နွေဦးတော်လှန်ရေး သုံးနှစ်တာကာလအတွင်းရောက်လာချိန်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ တော်လှန်စစ်ကို တစ်ဆင့်ချင်းတက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ သုံးနှစ်တာကာလအတွင်း တော်လှန်ရေးအတွက်နည်းမျိုးစုံနဲ့ပေး ဆပ်ခဲ့ရတဲ့တန်ဖိုးတွေကြီးမားခဲ့သလို အောင်မြင်မှုတွေကလည်း အတိုင်းအဆမရှိ အရှိန်အဟုန်နဲ့ရရှိလာခဲ့တာတွေ့ ရပါတယ်။ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတွေရဲ့…

“ဝ”နှင့် ကိုးကန့်ခေါင်းဆောင်များ ပန်ဆိုင်း၌ တွေ့ဆုံ

ပုံအညွှန်း − MNDAA နှင့် UWSA တို့၏ ဇန်နဝါရီ ၂၄ ရက် ပန်ဆန်းတွေ့ဆုံပွဲမြင်ကွင်း / ဓာတ်ပုံ − UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ (လားရှိုး) မှ ပေးပို့သည်။ ရွှေနွယ် ကိုးကန့်တပ်မတော်၊မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)စစ်ဦးစီးချုပ်ဦးဆောင်သည့်အဖွဲ့နှင့်ဝ”…

ကိုးကန့်ဒေသတွင် ခိုးယူလုယက်သူများကို သေဒဏ်ပေးမည်ဟု MNDAA ထုတ်ပြန်

ပုံအညွှန်း-ဇန်နဝါရီလ ၅ ရက်နေ့ လောက်ကိုင် ဒကစ မှ သိမ်းဆည်းရရှိခဲ့သောသံချပ်ကာကားနှင့် MNDAA ညွှန်ကြားရေးမှူးများ (The Kokang) ဂျူချန်း (မဇ္ဈိမ)။ ။ ညီနောင်သုံးဖွဲ့မှ သိမ်းပိုက်ထားသည့် ကိုးကန့်ဒေသတွင် ပြည်သူပိုင်ပစ္စည်းများအား ခိုးယူလုယက်သူများကို သေဒဏ်ချမှမည်ဟု…

လာအိုဥက္ကဌ အာဆီယံက ဘာတွေကွာခြားသွားမှာလဲနှင့် လူ့အခွင့်အရေးကိစ္စများ| Human Rights Barometer – Episode 31

အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံဖြစ်လာချိန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သဘောထားပြောင်းသွားမှာလား။ MNDAA တပ်ယူနီဖောင်းဝတ်ဆင်ထားသူက စေတီကိုဖြိုဖျက်နေသည့် ဗီဒီယိုလိုအကြောင်းပြုကာ စစ်ကောင်စီက ဝါဒဖြန့်နေမှုတို့ကို ယခုတပတ် Human Rights Barometer အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဖြေကြားထားသည်။

“ဘာသာရေးကို အကြောင်းပြပြီးတော့ စစ်သားစုဆောင်းရေး လုပ်နေတာ” (Editorial Talk)

မဇ္ဈိမ။ ။ အာဏာရှင်တွေထုတ်သုံးနေကျ လက်နက်ဖြစ်တဲ့ ဘာသာရေးပဋိပက္ခတွေရဲ့ ဦးတည်ချက်တွေနဲ့ ပတ်သက်ပြီး မဇ္ဈိမ သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်း တို့က ဆွေးနွေးထားပါတယ်။