ဒဏ်ရာကြောင့် သြစတြေးလျအိုးပင်းကို ကျောခိုင်းရပြန်တဲ့ နဒါးလ်

Photo: EPA

By PKThawn

ရာဖေးလ် နဒါးလ်ဟာ ဒဏ်ရာကြောင့် အချိန်အတော်ကြာကြီး အနားယူခဲ့ရပြီးခါမှ ပြိုင်ပွဲတရပ် ပြန်ကစားနေစဉ်အတွင်း ဒဏ်ရာထပ်ရခဲ့တာကြောင့် ၂၀၂၄ သြစတြေးလျအိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ပါတယ်။

နဒါးလ်ဟာ မနှစ်က သြစတြေးလျအိုးပင်းမှာ မက်ကင်ဇီမက်ဒေါ်နယ်ကို ဒုတိယအဆင့်မှာ ရှုံးနိမ့်ခဲ့စဉ်က တင်ပါးဒဏ်ရာကြောင့် နားနေခဲ့တာ တနှစ်နီးပါးကြာအပြီး ဘရစ္စဘိန်းနိုင်ငံတကာတင်းနစ်ပြိုင်ပွဲမှာ ပြန်လည်ပါဝင်လာခဲ့တာပါ။

သူဟာ သောကြာနေ့ ကွာတားဖိုင်နယ်မှာ ဂျော်ဒန်သွမ်ဆင်ကို မရှုံးခင် ဘရစ္စဘိန်းပြိုင်ပွဲမှာ သူ့ရဲ့ပထမဆုံးပွဲနှစ်ပွဲကို အနိုင်ရခဲ့ပြီး စပိန်တင်းနစ်သမားဟာ ပွဲချိန်အတွင်း ဆေးကုသမှုအပြီးမှာတော့ ကွင်းထဲမှ ထွက်ခွာသွားခဲ့ပါတယ်။

“အားလုံးပဲ မင်္ဂလာပါ၊ ဘရစ္စဘိန်းမှာ ကျနော် နောက်ဆုံးပွဲကစားတုန်းက သိတယ် မဟုတ်လား၊ ကျနော်ကို စိတ်ပူစေတဲ့အတိုင်း ကြွက်သားမှာ ပြဿနာလေးရှိခဲ့တယ်။ မဲလ်ဘုန်းကို ရောက်တာနဲ့ MRI ရိုက်ဖို့အခွင့်အရေးရခဲ့ပြီး ကြွက်သားမှာ micro tear ရခဲ့တယ်၊ အရင်က ဒဏ်ရာရခဲ့တဲ့အပိုင်းမှာတော့ မဟုတ်ပါဘူး။ ဒါက သတင်းကောင်းပါပဲ ”လို့ သူက Instagram မှာ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

“အခုအချိန် ပွဲငယ် ၅ ပွဲရဲ့ အမြင့်ဆုံးအဆင့်မှာ ယှဉ်ပြိုင်ဖို့ ကျနော် အဆင်သင့်ဖြစ်မနေသေးပါဘူး၊ ဒါကြောင့် ဆရာဝန်နဲ့ ပြသဖို့နဲ့ အနားယူဖို့ စပိန်ကို ပြန်သွားနေပါပြီ။”

ရူးသွပ်လောက်စရာကောင်းတဲ့ မဲလ်ဘုန်းပရိသတ်ကြီးရှေ့မှာ ကျနော် မကစားနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းစရာသတင်းပါ၊ ဒါပေမယ့် ဒါဟာ သိပ်ဆိုးတဲ့သတင်းမဟုတ်သလို ရာသီအတွက် တိုးတက်ပြောင်းလဲမှုနဲ့အတူ ကျနော်တို့အားလုံးဟာ အပြုသဘောဆောင်နေဆဲဖြစ်ပါတယ်။

“ကျနော် သြစတြေးလျမှာ တကယ်ကစားချင်ခဲ့တာပါ။ အရမ်းပျော်ပြီး အပြုသဘောဆောင်တဲ့ ပွဲအနည်းငယ်တော့ ကျနော် ကစားခွင့်ရခဲ့ပါတယ်။”

သြစတြေးလျအိုးပင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှာ စတင်မှာဖြစ်ပါတယ်။

Ref; Rediff