စစ်ကောင်စီတပ်၏ ဖွဲ့စည်းပုံ ယိုယွင်းမှုကို သုံးသပ်ခြင်း (Editorial Talk)

(မဇ္ဈိမ)။ ။ စစ်ကောင်စီရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦးကွပ်ကဲနေတဲ့ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကြီး (ဒကစ) အပါအဝင် လောက်ကိုင်မှာရှိတဲ့ စစ်ကောင်စီတပ်သား ၂,၀၀၀ ကျော် အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ တဆက်တည်း “စစ်ကောင်စီတပ် ဖွဲ့စည်းပုံ ပျက်နေပြီလား” ဆိုတာနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းနဲ့ သတင်းထောက် ဂျူချန်း တို့က ဆွေးနွေးထားပါတယ်။