နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၈ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာတွင် အထိုင်ချတပ်စွဲ ထားသည့်အကြမ်းဖက် စစ်တပ်၏ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရကို တိုက်ရိုက်ပေးပို့ ထောက်ပံ့နေသည့် One Day Challenge ရန်ပုံငွေ လုပ်ငန်းစဉ်မှာ ပါဝင်ကြသည် မင်ဘာများ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီးများ တက် ရောက်ပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ 
  • ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာ(MOD)က ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုမရှိမချင်း စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့မည် မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလားသုအောမ်မာ က ဇန်နဝါရီလ ၆ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ 
  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျရောက် ပေါက်ကွဲ၍ နတ်သံကွင်းမြို့မဈေး မီးလောင်ပျက်စီးခဲ့ကြောင်း မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်နှင့် ဒေသခံ များထံက သိရသည်။ 
  • ပဲခူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အမှတ် (၂) နယ်မြေရဲစခန်းကို ယနေ့ နံနက်အစောပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (USO)အဖွဲ့က အသိပေးထုတ်ပြန်သည်။ 
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ရိက္ခာပြတ်နေသော ပျဥ်ထောင်ရွာမှ ပျူစောထီးများသည် ပြည်သူများ​၏ စပါးခင်းများအား ရိတ်သိမ်းနေစဥ် တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ 
  • စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ၊ ခမ်းပတ်မြို့အနီး ကနန်ကျေးရွာကို ‌စစ်ကောင်စီက ယမန်နေ့ နံနက် ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကလေးငယ် ၆ ဦး အပါအဝင် ပြည်သူ စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် သဂြိုလ်လိုက်ကြောင်း သိရှိရသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၈ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲနယ်မြေရဲစခန်းရှေ့၌ စစ်ဆေးရေးဂိတ်ဖွင့်၍ ခရီးသွားများအား ငွေတောင်းခံနေသော စစ်ကောင်စီလက်အောက်ခံရဲများအား မောင်းသူမဲ့လေယာဥ် ငယ်ဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ရှိသူက ပြောသည်။ 
  • မကွေးတိုင်း၊ မြိုင်မြို့မှ ကန်နီပျူရွာသို့ ရိက္ခာပို့ရန် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သားများအထိနာပြီး ကန်နီပျူရွာ မရောက်ပဲ မြိုင်မြို့အတွင်းသို့ အကြိမ်ကြိမ်ပြန်ဆုတ်သွားကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
     
  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ပြည်သူ့ဆန္ဒအားလုံးပါဝင်သော မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့- ပအဖ ဖွဲ့စည်းရေး၊ ပြည်သူ့ဆန္ဒကို NUG ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ဆောင် ပေး ရေး၊ အာဏာရူးတဲ့ ခရိုင် ပအဖ အလိုမရှိစသည့်ကြွေးကြော်သံများဖြင့် လမ်းလျှောက်ဆန္ဒ ထုတ် ဖော် မှုကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
  •  

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရခိုင်ပြည်နယ်က စစ်တွေမြို့နယ်နှင့် အမ်းမြို့နယ်က အရပ်သား ပြည်သူ ၇၀ကျော်ကို အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့က ထုတ်ပြန် သည်။
     
  • ရှမ်းပြည်မြောက်ပိုင်း က အကြမ်းဖက်စစ်တပ်၏ သိန္နီမြို့နယ်က အမှတ် (၁၆) စစ်ဆင်ရေး ကွပ် ကဲမှုဌာနချုပ် စကခ၁၆ဌာနချုပ်နှင့် ကွတ်ခိုင်ဗျူဟာကုန်းကို TNLAက အပြီးသတ်သိမ်း ပိုက်ခဲ့ ကြောင်း  ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။ 
  • စစ်ကောင်စီ၏ ရှုံးမဲမဲကာ တစ်ဘက်သတ် ဆန် သော လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တို က်ခိုက် သည့် စစ်ရာဇဝတ်ကျူးလွန်မှုများကြောင့် နိုင်ငံတစ်ဝှမ်းရှိ အပြစ်မဲ့အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေ အတွက်မှာ ပိုမိုများပြားလာနေကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် ဗုံးငါးလုံးဖြင့် လာရောက်ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား သေဆုံးမှုရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • လောက်ကိုင်တွင်လက်နက်ချပြီး လားရှိုးပြန်သွားသော ဒကစ-​ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ခြောက်ဦးအပါအဝင် အရာရှိများကို စစ်ကောင်စီက လားရှိုးရဲစခန်းအချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြထားသည်။ 
  • မြဝတီနယ်စပ်ကနေ တင်ပို့ရန် ပို့ကုန်လိုင်စင်ရပြီး ကုန်ပစ္စည်းများ မြန်မာ- ထိုင်းနယ်စပ် ရှိ အခြားကုန်သွယ်ရေးစခန်းများမှ ပြောင်းလဲတင်ပို့ခွင့်ပြုမည်ဟု စစ်ကောင်စီ ကုန်သွယ်ရေး ဦးစီးဌာန က ထုတ်ပြန်လိုက်သည်။ 
  • အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ် မတ်လကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
  • ခမ်းပတ်မြို့က ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ပြည်သူများ သေဆုံးသည့် သတင်းဖော်ပြသည့် မီဒီယာများကို စစ်ကောင်စီ ဝါဒဖြန့်ချိရေး သတင်းစာများက သတင်းအမှားဟု ဗြောင်လိမ်ကာ ပုတ်ခတ် ရေးသားနေသည်။ 

ဇန်နဝါရီ ၈ သုံးသပ်ချက် 

  • စစ်ကောင်စီမှ ၎င်းတို့၏ အရပ်သားများအပေါ်ကျူးလွန်သည့် အစုအလိုက်ပြုံလိုက်သတ်ဖြတ်မှုများကို အမြဲတစေလိမ်လည် ဖုံးကွယ်လေ့ရှိသည်ကို တွေ့ရသည်။ယင်းကျူးလွန်မှုများအတွက် အမိန့်ပေး စေခိုင်းသူများမှသည် လက်တွေ့ကျူးလွန်သူများအထိ ပြည်သူ့တရားစီရင်ရေး ပေါ်ပေါက်လာပါက အရေးယူရမည်ဖြစ်သည်။ 
  • ရှမ်းမြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ မြို့များကို ဆက်တိုက်သိမ်းနေပြီး ယနေ့တွင်လည်း ကွတ်ခိုင်နှင့်သိန္နီမြို့ ကို သိမ်းလိုက်သည်ကိုတွေ့ရသည်။