တရုတ်လိုလားသူများက ပရာ့ဂ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံကို ဆန့်ကျင်ရှုတ်ချ 

Bitter Winter

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ မဟာမိတ်အဖွဲ့ (IRFBA) ညီလာခံ ကို ချက်သမ္မတနိုင်ငံ မြို့တော် ပရာ့ဂ် တွင် နိုဝင်ဘာ ၂၈ မှ ၃၀ ရက် အထိ ကျင်းပခဲ့ပြီး အမေရိကန် နှင့် အင်္ဂလန်တို့ တွင် လည်း အလားတူ ဝန်ကြီးအဆင့် အစည်းအဝေးများ ပြုလုပ်ခဲ့သည်။

ယင်းညီလာခဲ့သည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို မြှင့်တင်ရန်နှင့် ဘာသာ‌ရေးလွတ်လပ်ခွင့် ချိုးဖောက်မှုများကို ရှုတ်ချရန် အကြီးမားဆုံးနှင့် အအောင်မြင်ဆုံးသော အစိုးရများစုဝေးမှုအဖြစ် ဒီမိုကရေစီကမ္ဘာတဝန်းးလုံးက ချီးကျူးခဲ့ကြသည်။

IRFBA သည် နိုင်ငံပေါင်း ၃၇ နိုင်ငံကို စုစည်းထားပြီး အခြား မိတ်ဖက် နိုင်ငံများလည်း ပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂ UN.N. Freedom of Religion or Belief (FoRB) မှ အထူး ကိုယ်စားလှယ် “လေ့လာသူ” အဖြစ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေး တွင် တရုတ်ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်သည့် ပထမဆုံး နိုင်ငံအဖြစ် သတ်မှတ်ခဲ့ကြသည်။

ယင်းညီလာခံကို ရှုတ်ချရန် တရုတ်လိုလားသော တက်ကြွလှုပ်ရှားသူ အုပ်စု တစု က FORB ကို ဆန့်ကျင်သော “ဘာသာရေးလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်၍ လိမ်ညာနေသော အဖျက်ဝါဒ ဂိုဏ်း” “Pseudo FORB” ပေါင်းစပ်နှီးနှောဖလှယ်ပွဲကို ညီလာခံ မတိုင်မီ နိုဝင်ဘာ ၂၂ တွင်  ဘရပ်ဆဲလ် ၌ ပြုလုပ်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲကို နိုင်ငံတကာ အစွန်းရောက် ဆန့်ကျင်ရေး ဝါဒီ ဖြစ်သူ စတီဗင် ဟာဆန်၊ ဘယ်လ်ဂျီယံ ဂျာနယ်လစ် ရိုလန် ဒဲလ်ကော့ နှင့် စဗန် အာတ့် တို့ က ဦးဆောင်ကျင်းပပြီး ဆွေးနွေးမှုများကို လူမှုကွန်ရက်၌ မျှဝေခဲ့သည်။ ဒဲလ်ကော့ သည် တရုတ်ကွန်မြူနစ်ပါတီ (CCP ) ကို ကာကွယ် ပြောဆိုလေ့ရှိပြီး “ဆိုက်ဘာတိုက်ခိုက်သူ” တဦးလည်း ဖြစ်သည်။ ဒဲလ်ကော့ သည် တရုတ်အမျိုးသမီး တဦးနှင့် လက်ထပ်ခဲ့ပြီး ရှန်ကျန်းတွင် အနှစ် ၂၀ ကျော် နေထိုင်ခဲ့သည်။ ၎င်း သည် People’s Daily နှင့် Xinhua သတင်းဌာနတို့ အပါအဝင် တရုတ်အစိုးရ တရားဝင် ထုတ်ဝေသည့် သတင်းဌာနများတွင် တရုတ်ကွန်မြူနစ်ပါတီ ကို ထောက်ခံသည့် အင်တာဗျူးများနှင့် ဝါဒဖြန့်ချိရေးစာများ ရေးသားခဲ့သည်။ စဗန် အာတ့် သည် ဥရောပရှိ Federation of Asian Communities (FAE-FAE) မှ ဥက္ကဋ္ဌ ဖြစ်ပြီး ဥရောပ Spas Association ၏ ကိုယ်စားလှယ် လည်း ဖြစ်သည်။ ၎င်း သည် တရုတ် ၏ ဘာသာရေး လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးအခြေအနေများကို ဝေဖန်ဖော်ပြသည့်  “Bitter Winter” အွန်လိုင်း မဂ္ဂဇင်း အပါအဝင် FORB မြှင့်တင်ရေး အဖွဲ့အစည်းများ ကို ဆန့်ကျင်သည့် အာဆီယံ အစိုးရအဖွဲ့များနှင့် တရုတ်ကို ကာကွယ်ရန် သတင်းစကားများ မျှဝေလေ့ရှိသည်။

စဗန် အာတ့် ၏ နိုဝင်ဘာ ၂၂ တွေ့ဆုံပွဲ ထုတ်ပြန်ချက်အရ “pseudo FORB အစည်းအဝေးများတွင် ၎င်း တို့သည် ပါးနပ်သော ဝါဒဖြန့်ခြယ်လှယ်မှုများ၊ သတင်းများ၊ လမ်းကြောင်းများ၊ ဆက်စပ်တွေးခေါ်မှု ယုတ္တိအမှားများ ကို အသုံးပြု၍ အခြားတဘက်ကို ဖုံးကွယ်ပြီး တဘက်တည်းသို့ ဦးတည်ခေါ်ဆောင်သွားလိမ့်မည်ကို ကျွမ်းကျင်သူများက သိကြသည်။ ဒေါက်တာစတီဗင် ဟာဆန် ကဲ့သို့ လွတ်လပ်၍ ကျွမ်းကျင်သော သတင်းထောက် တဦးကို  ကြိုတင် အသိပေးထားခြင်းမရှိဘဲ စေလွှတ်၍ ဆွေးနွေးသည့် အခါ တုံ့ပြန်ချက်ကို စောင့်ကြည့်၍ ၎င်း တို့၏ လုပ်ဆောင်ချက်ကို ဖော်ထုတ်နိုင်သည်။” ဟာဆန် သည် အင်တာနက်မှ  တဆင့် IRFBA ညီလာခံ ဆန့်ကျင်ရေး ကို ဟောပြောခဲ့သည်။

ဟာဆင် ၏ မှတ်ချက်ကို အကျဉ်းချုပ်ဖော်ပြသော ထုတ်ပြန်ချက် သည် ရှင်းရှင်းလင်းလင်းမရှိသော်လည်း ၎င်း တို့၏ ဘာသာရေးလွတ်လပ်ခွင့် ဆိုင်ရာ အယူအဆအရ “ ဥရောပ အဖွဲ့ဝင်နိုင်ငံများစွာကို ဆန့်ကျင်သော အမေရိကန် ပြည်ထောင်စုတွင် ဘာသာရေး လွတ်လပ်ခွင့်နှင့် ကိုးကွယ်ယုံကြည်မှု ကို ထိန်းညှိပေးရန် အဖွဲ့အစည်းများ မရှိခြင်းက ဘာသာရေး အဖွဲ့အစည်းအသစ်အမျိုးမျိုး ပေါ်ထွက်လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် ကာလရှည်ကြာ ခွင့်ပြုထားသည့် ဆိုးဝါးသော ဥပမာ တခု ဖြစ်သည် မှာ သံသယဖြစ်ဖွယ် မရှိ” ဟု ပါရှိသည်။

ဘာသာရေးလွတ်လပ်ခွင့် ကို အကြောင်းပြ၍ လူတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ငြင်းပယ်ရန် ကြိုးစားပြီး တရုတ် ၏ အကျိုးစီးပွား ကို ဖျက်စီးရန်နှင့် တရုတ် ကို ပြစ်တင်ရှုတ်ချရန် ရည်ရွယ်သော အဆင့်မြင့် နိုင်ငံတကာ အစည်းအဝေးများ ကို ကြိုတင်ကာကွယ်ရန် တွေ့ဆုံပွဲ ကို ပြုလုပ်ခြင်း ဖြစ်ကြောင်း ဟာဆန် က ၎င်း၏ လူမှုကွန်ရက်တွင် ဖော်ပြသည်။

“ဘာသာရေး လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ပြင်းပြင်းထန်ထန် မြှင့်တင်ဖို့ ကျွန်တော်တို့ မထောက်ခံပါဘူး” ဟု ဒဲလ်ကော့ က အတည်ပြုပြောကြားသည်။ ဘာသာရေးကို “နိုင်ငံ‌ရေးအရ ချုပ်ကိုင်မှု” အဖြစ် လုပ်ဆောင်နေသည်ဟု ၎င်းတို့ကို မည်သူကမျှ မစွပ်စွဲ ကြောင်း ဒဲလ်ကော့ က ပြောသည်။

စဗန် အာတ့်၊ ဒဲလ်ကော့ နှင့် လာခရိုစ့် တို့ သည် “Bitter Winter” အွန်လိုင်း မဂ္ဂဇင်းကို ဆန့်ကျင်သည့် တရုတ်လိုလားသော “မှတ်တမ်းရုပ်ရှင်” ကို ဘရူဆေးလ် တွေ့ဆုံပွဲတွင် ပြသခဲ့သည်။

“မှတ်တမ်းရုပ်ရှင်” တွင် ပါဝင်သော အလိမ်အညာများကို လွန်ခဲ့သော ရက်အနည်းငယ်က ဖော်ထုတ်ခဲ့ကြောင်း Bitter Winter အွန်လိုင်းမဂ္ဂဇင်းက က ဖော်ပြသည်။ ပထမ အချက်မှာ အဆိုပါ ရုပ်ရှင် မိတ်ဆက်ပွဲတွင် မိန့်ခွန်းပြောကြားသူမှာ လက်ယာအစွန်းရောက် ပြင်သစ်အဖွဲ့ခွဲမှ အန်နီ ကက်သရင်း ဖြစ်သည်။

ဒုတိယ အချက်မှာ “Bitter Winter” အွန်လိုင်းမဂ္ဂဇင်း ကို ဆန့်ကျင်သူများ ၏ ဖော်ပြချက်တွင်  “ဘာသာရေးယုံကြည်မှုနှင့် သက်ဆိုင်နေပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လုပ်ကြံခံရမှု နှင့် ဆက်စပ်နေသည်။ တွေ့ဆုံပွဲကို စီစဉ်သူများ အနေဖြင့် ဘာသာရေး ယုံကြည်မှုကို ဂျပန်နိုင်ငံရေးနှင့် မသက်ဆိုင်သော တရုတ် ၏ လှုပ်ရှားမှု များနှင့် ရှုပ်ထွေးနေပုံရသည်။  ဝန်ကြီးချုပ် လုပ်ကြံခံရမှု ၏ နောက်ကွယ်၌ ဘာသာရေး အမုန်းတရားအပေါ် အခြေခံ သည်ဆိုသော “ဆက်စပ်မှု” စာသားကို တွေ့ရသည်။

တတိယ အချက်မှာ တချိန်က နာမည်ဆိုးဖြင့်ကျော်ကြားသော အစွန်းရောက် ဘာသာရေးအဖွဲ့အစည်း (FECRIS) ၏ အဖွဲ့ဝင်ဖြစ်သော ဆန့်ကျင်ရေးသမားတဦး က တရုတ်အစိုးရနှင့် လုံးဝ အဆက်အစပ်မရှိသော သတင်းရင်းမြစ်များ ကို ကိုးကား၍ ၎င်း ၏ အကျိုးစီးပွား တစုံတရာအတွက် “Bitter Winter” မဂ္ဂဇင်း၏ သတင်းအချက်အလက် ယုံကြည်စိတ်ချရမှုအပေါ် သံသယများ ထုတ်ဖော်ထားခြင်း ဖြစ်သည်။ ဥပမာ – တရုတ်အစိုးရနှင့် ဆက်စပ်မှု မရှိသော FAE-FAE အဖွဲ့အစည်း က ဗီဒီယို ထုတ်လုပ်ခြင်း ဖြစ်သည်။