ဆေးမြီးတိုနဲ့မကုသင့်တဲ့ နှင်းခူရောဂါ – BBC News မြန်မာ 

ဆေးမြီးတိုနဲ့မကုသင့်တဲ့ နှင်းခူရောဂါ – BBC News မြန်မာ 

တချိန်လုံး ယားလိုက်၊ ကုတ်လိုက်နဲ့ နှင်းခူကွက်တွေကြောင့် အတော့်ကို အရှက်ရ၊ စိတ်ညစ်နေပါသလား။ အရေပြား ရောင်ယမ်း အက်ကွဲရာကနေ ရောဂါပိုးတွေဝင်လာနိုင်သလို နှင်းခူပျောက်အောင်ဆိုပြီး လက်လှမ်းမီရာ ဆေးမြီးတိုတွေနဲ့ ကုမိတာတွေကြောင့်လည်း အသက်အန္တရာယ် ရှိလာနိုင်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နှင်းခူ သက်သာပျောက်ကင်းအောင် ဘယ်လိုဆေးတွေနဲ့ ဘယ်လို နည်းမှန်လမ်းကုန် ကုရမလဲ၊ နှင်းခူ ရှိနေသူတွေ ဘာတွေ ဆောင်သင့် ရှောင်သင့်သလဲ ဆိုတာတွေကို ယူကေနိုင်ငံက အရေပြားရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ အေးအေးမွန်က ဘီဘီစီရဲ့ ကျန်းမာရေးရာ Health Matters အစီအစဉ်မှာ ရှင်းပြထားပါတယ်။