အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လေ့လာသူတွေပြော (ရုပ်သံ)

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လေ့လာသူတွေပြော

မောင်ခက်နွေ

(မဇ္ဈိမ) ။ ။စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလာအိုနိုင်ငံရဲ့ အထူးသံတမန်နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာတွေမှာတော့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မယ့်အခြေအနေနဲ့ တခြားသောကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြဖြစ်တယ်လို့ ဖော်ပြထားပါတယ် ။

ဒီလိုဆွေးနွေးတာတွေနဲ့ ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ဟာ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

တင်ဆက်/တည်းဖြတ် – မောင်ခက်နွေ