ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၈၀၀ ကျော် စစ်ရှောင်နေရ(ရုပ်သံ)

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံ ၈၀၀ ကျော် စစ်ရှောင်နေရ(ရုပ်သံ)

လွှမ်းမိုး

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ဦးရေ ၈၀၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ရှောင်နေရတယ်လို့ဒေသခံထံက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာတဲ့ အခြေအနေတွေကို ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ပုလဲမြို့နယ် ဘက်က‌နေ ယင်းမာပင်မြို့နယ်သို့ ရောက်ရှိလာတဲ့ အင်အား ၈၀ ခန့် ပါ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်ကို စစ်ကြောင်းထိုးပြီး ယန်စီကုမ္ပဏီမှာရောက်ရှိ တပ်စွဲနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-Pho Thar