” စစ်အုပ်စုက ဘယ်လိုလူမျိုးတွေရဲ့ အသက်တွေ ခန္ဓာကိုယ်တွေက ပိုပြီးတော့ တန်ဖိုးမရှိဘူးလဲ၊ ပိုပြီးတော့ စွန့်ပစ်လွယ်လဲဆိုတဲ့ စနစ်တစ်ခုမျိုး ရှိတယ်လို့ မြင်ရတယ်လို့ ကျွန်တော်ထင်တယ် “

အောင်ဖုန်းမော် – GSC ၏ တွဲဖက်ညှိနှိုင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ

မတ်လဆန်းပိုင်းက ထိုင်းလွှတ်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲမှာလည်း အောင်ဖုန်းမော်က တက်ရောက်ခဲ့ပြီး မြန်မာ့အရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ပါတယ်။

စစ်မှုထမ်း ဉပဒေနဲ့ ပတ်သတ်ပြီး လူငယ်တွေကို ဘယ်လိုသက်ရောက် ရိုက်ခက်နိုင်လဲ၊ လူငယ်တွေအနေနဲ့ ယုံကြည်ချက် ခံယူချက်တွေအပေါ်မှာ ဘယ်လိုရပ်တည်သင့်လဲဆိုတာကို GSC ရဲ့ တွဲဖက်ညှိနှိုင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ အောင်ဖုန်းမော်နဲ့ Mizzima က တွေ့ဆုံ မေးမြန်းထားပါတယ်။