CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံ ၄ ရက်ကြာ ကျင်းပသွားမည်

မိုးသောက်
(မဇ္ဈိမ) ။ ။ CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံကို ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၃ ရက်အနေ့အထိ လေးရက်ကြာ အွန်လိုင်းကတဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။
ညီလာခံမှာ ကိုယ်စားပြုမှုအလိုက် CDM ဝန်ထမ်း ၉၇၀ ကျော်ကို ဖိတ်ကြားထားပြီး ဒီညီလာခံကနေ အား လုံးတူညီတဲ့ နားလည်မှုတွေရရှိသွားဖို့မျှော်လင့်တယ်လို့ ညီလာခံဖြစ်မြောက်ရေးကော်မတီ ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာလွမ်းဝေက ပြောပါတယ်။
ဒီညီလာခံမှာတော့ CDM ဝန်ထမ်းထုရဲ့ နွေဦးတော်လှန်ရေးအပေါ်ရှုမြင်ပုံတွေ ပြည်သူလူထုနဲ့ နိုင်ငံရေး အင်အားစုတွေကို ပန်ကြားချက်တွေနဲ့ CDM တွေရဲ့အရေးပါမှုကို နိုင်ငံတကာက အပြည့်အဝနားလည် သဘောပေါက်ဖို့ ရှင်းလင်းတဲ့သတင်းစကားတွေလည်း ထွက်လာမှာဖြစ်တယ်လို့သိရပါတယ်။
အကြမ်းမဖက်လူထုလှုပ်ရှားမှုလို့ခေါ်တဲ့ Civil Disobedience Movement (CDM) လှုပ်ရှားမှုကို နိုင်ငံ့ ဝန်ထမ်းတွေက စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆောင်ရွက်ခဲ့ကြပြီး လက်ရှိအချိန်ထိ ဝန်ထမ်း ပေါင်း ၃၀၀,၀၀၀ ကျော် CDM မှာ ပါဝင်နေဆဲပဲလို့ NUG က တာဝန်ရှိသူတွေက ပြောထားပါတယ်။
#CDM
#ညီလာခံ