နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၇ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များ၏ စုဖွဲ့လေ့ကျင့်မှု သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင် ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်၌ ပြုလုပ်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့အနောက်ပိုင်းဇုံထံမှ သိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်ကနေ ၂၀၂၃ ခုနှစ် ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အထိ ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၁ သန်း က ( ကျပ်ငွေ ၁၀ ဒသမ ၅၁ ဘီလီယံ) ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း အသိပေး ထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်နယ်မြေများတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် သောက်သုံး ရေ ရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ထုတ်ပြန် အသိပေး ထားသည်။ 
  • မြန်မာပြည်တွင်းဖြစ်ပျက်နေသည့် နိုင်ငံရေးအခြေအနေများအပေါ်တွင် အိမ်နီးချင်း တရုတ်အစိုးရ က လွှမ်းမိုးထားတာတွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောကြားသည်။ 
  • စစ်ကောင်စီကို တွန်းလှန်နေသည့် ခုခံတော်လှန်စစ်ကို အကြောင်းပြကာ ပြည်သူ၏ အသက်အိုး အိမ်စည်းစိမ်ကို ထင်သလို ပြုမူခြင်း လုံးဝ ခွင့်မပြုဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇန်နဝါရီ ၁၆ ရက်တွင်ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်း အဝေး၌ ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ငါးဦးသေ ဆုံးကြောင်း သတင်းရရှိသည်။ 
  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ခရီးသည်တင်ယာဉ်နှစ်စီးဖြင့် ဖြတ်သန်း လာသည့် စစ်ကောင်စီတပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force-Myinmu၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်သို့ ဝန်းသိုမြို့နယ်အခြေစိုက် ခမရ (၁၂၀) တပ်ရင်းမှ လက်နက်ကြီး ဖြင့် မကြာခဏပစ်နေ၍ အရပ်သားသေဆုံးသူဦးရေတိုးလာနေပြီး  ပစ်ခတ်မှုတွင် လူနေအိမ်နှစ်လုံး မီးလောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။ 
  • စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြုပြီး မီးရှို့ဖျက်ဆီးထားသည့် ထီးချိုင့်မြို့ မှတ်တမ်းဓာတ်ပုံများကို တော်လှန်ရေးအင်အားစုများက ဇန်နဝါရီ ၁၆ တွင် ထုတ်ဖော်ပြသသည်။ 
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ ကျေးရွာများအား စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဒရုန်းများဖြင့် အကြောင်းမဲ့ ဗုံးချတိုက်ခိုက်နေ၍ ကျေးရွာအချို့ စစ်ကိုင်းတိုင်း ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ 
  • လုံခြုံရေးတင်းကြပ်သည့် မုံရွာမြို့နယ် တစ်နေရာတွင် သပိတ်အင်အားစုများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ယနေ့ (ဇန်နဝါရီ ၁၇) ချီတက်ဆန္ဒပြခဲ့ကြသည်။ 
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၀၆)ကို ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောသည်။ 
  • KIA က စစ်ကောင်စီ၏ FTC- 2000G အမျိုးအစား တိုက်လေယာဥ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လေတပ်သတင်းအရင်းအမြစ်များကို ကိုးကားပြီး ပြည်သူ့ပန်းတိုင် (People`s goal) က ဖော်ပြသည်။ 
  • နမ့်ဖတ်ကာတိုက်ပွဲတွင် ဇန်နဝါရီ ၁၆ ရက်က KIA ပစ်ချခဲ့သည့် လေယာဉ်ပျက်ကျခဲ့သည့် ရုပ်သံမှတ်တမ်း ယနေ့ထွက်ပေါ်လာသည်။ 
  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည် ရှင်းလင်းဆောင်သို့ လာရောက်တပ်စွဲသော စစ်ကောင်စီတပ် ကို လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ သုံးဦးသေဆုံး၍ ၁၁ဦးထက်မနည်း ထိခိုက် ဒဏ်ရာရသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ခမရ (၅၆၁)နှင့် စစ်ဆေးရေးဂိတ်တစ်ခုကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း (၂)မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • ရန်ကုန်မြို့ လူစည်ကားရာ နေရာအချို့၌ ပြည်သူ့သပိတ်အင်အားစုမှ ဦးဆောင်၍ “Ban Jet Fuels Exports to Myanmar Fascist Dictator” စာသားများကပ်ကာ စစ်ကောင်စီအား လေယာဉ်ဆီ ထောက်ပံ့ပေးနေမှု ရပ်တန့်ပေးရေး လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၁၇) နံနက်က ပြုလုပ်ခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရခိုင်ပြည်နယ်၊ကျောက်တော်မြို့၊ ကန်စောက်တောင်မှ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၃၉) သည် ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် တပ်ရင်းမှူးဦး‌ဆောင်ပြီးရက္ခိုင့်တပ်တော်(AA)ထံ အလံဖြူထောင်၍ လက်နက်ချအညံ့ခံခဲ့သည်ဟု AA နှင့် နီးစပ်သောသတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။ 
  • ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူခရိုင်)၊ တပ်မဟာ (၃)နယ်မြေတွင် စစ်ကောင်စီတပ်၏ တင့်ကား (၂) စီးနှင့် သံချပ်ကာ ကား (၁) စီတို့အား ဖျက်ဆီးနိုင်ခဲ့​ကြောင်း KNU က ယနေ့ အတည်ပြုထုတ်ပြန်သည်။ 
  • ချင်း-စစ်ကိုင်းနယ်စပ် တီးတိန်မြို့နယ် သိုင်းငင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲမှ အောင်မြင်မှု နှင့် ပြန်လာကြသည့်ချင်းပြည်ကောင်စီ(Chinland Council)အဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်များကို ပြည်သူများက ပန်းကုံးများဖြင့် ကြိုဆိုခဲ့ပြီး လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း The Chin Journalက ဓာတ်ပုံမှတ်တမ်းများ ဖော်ပြသည်။ 
  • ရှမ်းမြောက်ဒေသတွင်းရှိ နယ်မြေများအတွင်း ဇန်နဝါရီ ၁၃ရက်ကစ၍ စစ်ကောင်စီမှ ထိုးစစ် ဆင်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများဖြစ်ခဲ့သည်ဟု ညီနောင်သုံးဖွဲ့ က ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • အင်တာနက်ပေါ်တွင် မဖွယ်မရာတင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုခြင်းများကို နည်းပညာ ကျွမ်းကျင်​သော ပညာရှင်များပါဝင်သည့် အဖွဲ့ဖွဲ့စည်းကာ၂၄ နာရီလုံးစောင့်ကြည့်ပြီး အရေးယူနိုင်​ရေး စစ်ကောင်စီက ဆောင်ရွက်​နေကြောင်း ဇန်နဝါရီလ ၁၂ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းအရ သိရသည်။ 
  • ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်စတင်ထမ်းဆောင်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ မြန်မာသံရုံးက အသိပေးထုတ်ပြန်လိုက်သည်။ 
  • နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် အိန္ဒိယနှင့်စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
  • ထိုင်း- မြန်မာနှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး ထိုင်း ကြည်းတပ်ရုံးရဲ့ အကြံပေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ နှင့် စစ်ကောင်စီ  ဥက္ကဋ္ဌ တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ 
  • စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့မှာ ၂၀၂၄ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကို ဇန်နဝါရီ ၁၅ ရက်ကကျင်းပခဲ့ပြီးစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှ င့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်စစ်ကောင်စီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

ဇန်နဝါရီ ၁၇ သုံးသပ်ချက် 

  • နယ်စပ်မျဉ်းတစ်လျှောက် စစ်ရှုံးနေသည့် စစ်ကောင်စီသည် နယ်စပ်ချင်းထိစပ်နေသော နိုင်ငံများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ တော်လှန်ရေးအရှိန်တန့်အောင် တော်လှန်ရေးအဖွဲ့များကို အိမ်နီးချင်း နိုင်ငံများ၏ ဖိအားများ ရှိလာအောင် ကြိုးစားနေသည်ကို တွေ့ရသည်။ 
  • စစ်ကောင်စီက အပစ်ရပ်သဘောတူညီမှုများ မကြခဏ ချိုးဖောက်နေမှုကြောင့် ရှမ်းမြောက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်လာနိုင်ဖွယ်ရှိနေသည်။