စစ်ကောင်စီလက်ချက်ကြောင့် ရခိုင်ပြည်နယ်မှာ ၇ ရက်အတွင်း ဒေသခံ ၁၃ဦးသေဆုံး

(မဇ္ဈိမ)။ ။ ရက္ခိုင်ပြည်နယ်မှာ ဇန်နဝါရီလ ၁၂ ရက်နေ ၁၈ ရက်နေ့အထိ ခုနစ်ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံ ၁၃ ဦး အထိသေဆုံးခဲ့ရပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ခုနစ်ရက်တာ ကာလအတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့်  ကလေးငယ် သုံးဦး ၊အမျိုးသမီး‌ လေးဦးနဲ့ အမျိုးသား ခြောက်ဦး တို့သေဆုံးခဲ့ပြီး ၁၄ဦးဒဏ်ရာရရှိခဲ့တယ်လို့   သေဆုံးခဲ့ရတယ်လို့ မဇ္ဈိမအနေဖြင့် တွေ့ရှိရပါတယ်။

သေဆုံးခဲ့ရသူတွေက မောင်တော၊ မင်းပြား ၊ အမ်း၊ မြောက်ဦး၊ ကျောက်တော်  မြို့နယ်တွေကဖြစ်ပါတယ်။ ခုနစ်ရက်တာကာလအတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်နဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှု  ၁၁ကြိမ်ပြုလုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ပြည်နယ်အဝင်အထွက်ကိုပိတ်ဆို့ထားတဲ့အပြင် ဖုန်းလိုင်းဆက်သွယ်ရေးတွေကိုဖြတ်တောက်ထားပါတယ်။ အချို့နေရာတွေမှာ မိုင်တဲဆင်းကတ်တွေသာအသုံးပြု၍ရပြီးတော့  အခြားဆက်သွယ်ရေးလိုင်းတွေကိုတော့ ဆက်သွယ်ဖို့ခက်ခဲတာ ဆက်သွယ်မှုပြတ်တောက်တာတွေဖြစ်နေပါတယ်။
မဇ္ဈိမအနေဖြင့် ရခိုင်ပြည်နယ်ကဒေသခံ ၁၀ဦးထက်မနည်းကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်လို့မရဖြစ်နေပါတယ်။

တည်ဖြတ်/တင်ဆက် ။ ။ မိုးသောက်