အုတ်ဖိုမြို့အနီး ကျေးရွာ ၇ ရွာကျော်ကဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ ဖယ်ရှားခိုင်း

ရွှေနွယ် (မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း အုတ်ဖိုမြို့အနီးက ကျေးရွာ ခုနှစ်ရွာကျော်မှာရှိတဲ့ ဒေသခံတွေကို ဖယ်ရှားပေးဖို့ စစ်ကောင်စီတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတွေက လိုက်လံဖိအားပေးနေတယ်လို့ ဒေသခံကပြောပါတယ်။ မဖယ်ရှားပေးရင် အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ ရွာခံတွေက မဇ္ဈိမကိုပြောပါတယ်။

ရွှေ့ပြောင်းကြရတဲ့ ဒေသခံအများစုဟာ နေ့တွင်းချင်းရွှေ့ပြောင်းကြရတာဖြစ်တဲ့အတွက် ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်ချိန်မရကြဘူးလို့ ပြောပါတယ်။ သတင်းအကြောင်းအရာအပြည့်အစုံကို ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ တင်ဆက်/တည်းဖြတ် − ရွှေနွယ်