ပြည်သူ့စစ်အဖွဲ့ထဲ ခေါ်ယူနေခြင်းက ပြည်သူကို စစ်ပွဲထဲ ဆွဲခေါ်ခြင်းဟု NUG အမှတ် (၂)စစ်ဒေသ တာဝန်ရှိသူပြော

YT

(မဇ္ဈိမ)။ ။ စစ်ကောင်စီက စစ်အင်အား ပြန်လည်ဖြည့်တင်းရန်အတွက် ပြည်သူ့စစ်အဖွဲ့ထဲ ဒေသခံတွေကို ခြိမ်းခြောက်ခေါ်ယူနေတာဟာ ပြည်သူကို စစ်ပွဲထဲ ဆွဲခေါ်နေတာဖြစ်
တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ဒုစစ်ဒေသခွဲမှူးက ပြောပါတယ်။

ပြည်သူ့စစ် စုဆောင်းမှုတွေဟာ ပဲခူးတိုင်းအတွင်းမှာ အများဆုံး ဖြစ်ပွားနေပြီး ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့နဲ့ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ လည်း ပြည်သူ့စစ် စုဆောင်းမှုတွေ ရှိနေကာ ပြည်သူ့စစ်ထဲ မဝင်လိုပါက ငွေကြေးတောင်းခံတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။