“တနိုင်ငံလုံး တော်လှန်ရေးဖြစ်လို့ မိတ်ဖက်ပဋိပက္ခတွေတော့ ရှိမယ်၊ ညှိနှိုင်းအဖြေရှာဖို့လိုပါတယ်” နော်ဆဲဆဲ (NUCC)

မဇ္ဈိမ

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို ဧပြီလ ၄ ရက်ကနေ ၆ ရက်နေ့အထိ အွန်လိုင်းကနေတဆင့် ကျင်းပပြုလုပ်နေပါတယ်။

ညီလာခံမှာ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အင်အားစုတွေ အပါအဝင် နွေဦးတော်လှန်ရေး အင်အားစု ငါးခုက ကိုယ်စားလှယ် ၂၄၈ ဦးနဲ့ အထူးဖိတ်ကြားသူတွေ၊ လေ့လာသူတွေ တက်ရောက်ဆွေးနွေးနေတယ်လို့ NUCC က ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားက မိတ်ဖက်ပြဿနာတွေကို ညီလာခံ အဖွင့်မိန့်ခွန်းမှာ ထောက်ပြခဲ့ကြပြီး တူညီတဲ့သဘောထားတွေကို ရရှိဖို့ဆိုရင် ညှိနှိုင်းရမှာ ဖြစ်သလို ဒီအတွက် ယုံကြည်မှုနဲ့ နားလည်မှု အရင်တည်ဆောက်ဖို့ လိုအပ်တယ်လို့ နော်ဆဲဆဲက ပြောပါတယ်။

NUCC ရဲ့ ဒုတိယအကြိမ်ညီလာခံမှာ ဘာတွေကို ဆွေးနွေးခဲ့ကြပါသလဲ၊ NUCC ပြောခွင့်ရသူ နော်ဆဲဆဲကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ်- နောင်နောင်