ဌာနဆိုင်ရာ ဝန်ထမ်းများ စကစကို စွန့်ခွာကြရန် အင်းလေးဒေသ တော်လှန်ရေး အင်အားစုများ တိုက်တွန်း

ပုံအညွှန်း- ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အင်းလေးကန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေစဉ်/ (Photo- AFP)

007

(မဇ္စျိမ) ။ ။ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဒေသအတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ၀န်ထမ်းများ အနေဖြင့် အဘက်ဘက်က စစ်ရှုံးနေသည့် စစ်ကောင်စီကို ကျောခိုင်းစွန့်ခွာပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြရန် အင်းလေးလူထုလှုပ်ရှားမှု အဖွဲ့များက သတိပေး တိုက်တွန်းချက် ထုတ်ပြန်လိုက်သည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အင်းလေးဖက်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှု၊ အင်းလေးအမျိုးသမီးသမဂ္ဂနှင့် မြို့နယ်ရပ်မိ၊ ရပ်ဖများ ပူးတွဲပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းထားသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စစ်ကောင်စီ လက်အောက်ခံ ၀န်ထမ်းများ “အမြန်ဆုံး အသိတရားရှိကြရန်” ထုတ်ပြန်ချက်တွင် ပြောထားသည်။

တော်လှန်ရေးတပ်ပေါင်းစုများသည် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နေရာ အများအပြားကို ထိန်းချုပ်ထားနိုင်သည့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့တို့မှ စစ်ကောင်စီ၏ စခန်း ၁၀ ခုထက်မနည်းကိုလည်း သိမ်းပိုက်ထားသည်။

အင်းလေးဒေသ၏ အနာဂတ်အရေးအတွက် အတူလက်တွဲလုပ်ဆောင်ရမည်ဖြစ်၍ “မိဘပြညသူတွေ အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ပါ၀င်ကူညီပေးကြဖို့ ပြောလိုပါတယ်” ဟု အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) မှ တာ၀န်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် အင်းလေးမြောက်ခြမ်းနှင့် ညောင်ရွှေမြို့အထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်းလေးထိုးဖောက်တိုက်ခိုက်ရေးအထူးအဖွဲ့(ဓားမကူး) တပ်များသည် စစ်ကောင်စီလက်အောက်ခံ အင်းလေးပျူစောထီးအဖွဲ့၏ အဓိကအရေးပါသူ စောထီးခေါင်း ဆောင်နှင့် နောက်လိုက်များအား၊ း

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဒေသတွင်းပျူစောထီးများ အားကောင်းသော မင်းချောင်းကျေးရွာအနီးတွင် အင်းလေးပျူစောထီးအဖွဲ့၏ အဓိကအရေးပါသူ ပျူစောထီးခေါင်းဆောင်တဦး တော်လှန်ရေးတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။

လက်ရှိတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဆီဆိုင်မြို့ကို တော်လှန်ရေး တပ်ပေါင်းစုက ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှစ၍ စတင်တိုက်ခိုက်နေသည်။

ရွှေညောင်၊ ညောင်ရွှေ၊ တောင်ကြီး၊ အေးသာယာ၊ ကလော၊ အောင်ပန်း၊ ပင်လောင်းစသည့်မြို့ကြီးများ၀န်းရံထားသည့် အင်းလေးဒေသသည် လတ်တလောတိုက်ပွဲပြင်းထန်နေသော ဆီဆိုင်မြို့နှင့် ကားလမ်းခရီးဖြင့် နှစ်နာရီခန့်သာ ကွာဝေးကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်