ကရင်နယ်ခြားစောင့်တပ် BGF ခွဲထွက်ခြင်းမှ စစ်ကောင်စီ၏ ဆုံးရှုံးမှုများ (Editorial Talk)

(မဇ္ဈိမ) ။ ။ စစ်ကောင်စီထံကနေ ရိက္ခာနဲ့ ထောက်ပံ့ကူညီမှုတွေ ရယူခြင်းမရှိဘဲ သီးခြားရပ်တည်တော့မယ်လို့ နယ်ခြားစောင့်တပ် (BGF) ထဲမှာ အင်အားအများဆုံးဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ်က တရားဝင်ထုတ်ပြောလာပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်ကနေ ကရင်နယ်ခြားစောင့်တပ် ခွဲထွက်ခြင်းရဲ့နောက်ဆက်တွဲနဲ့ပတ်သက်ပြီး သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်း နဲ့ သတင်းထောက် ဂျူချန်းတို့ မဇ္ဈိမ Editorial Talk အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။