နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၃၀ဇန်နဝါရီ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များ ဖိနှိပ်ခံနေရမှု အခြေအနေများကို မေရိကန် အောက် လွှတ်တော်တွင် ရှင်းလင်းတင်ပြပွဲပြုလုပ်ရာ NUG နှင့် CRPH ကိုယ်စား လှယ်များ တက်ရောက် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG သမ္မတရုံးက သတင်းထုတ်ပြန်သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးများ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ်အတွင်းကို ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူ များကို ဇန်နဝါရီ ၂၉ ရက်က ဝန်းသိုမြို့အုပ်ချုပ်ရေး အဖွဲ့များမှ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ကူ ညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး ကို ဇန်နဝါရီ ၂၉ ရက်တွင်  ပြုလုပ်ခဲ့ကြသည်။ 
  • လက်ရှိတွင် အဖက်ဖက်က ကျရှုံးနေသည့် စစ်အာဏာရှင်များအနေဖြင့် နိုင်ငံရေးအရ အလှည့် အပြောင်းများလုပ်လာနိုင်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လူထုနှင့် တွေ့ဆုံပွဲ၌ အသိပေးပြောဆိုသွားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျပ်အတည်း အဖြေရှာရန် မြန်မာကိုယ်တိုင် ဦးဆောင်သည့် ဖြေရှင်း ရေးကို အာဆီယံက ထောက်ခံပြီး စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်မှုကိုလည်း အာဆီယံက အကောင်းမြင်ကြောင်း ယမန်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်း အဝေးအပြီးတွင် ထုတ်ပြန် ပြောဆိုကြသည်။ 
  • ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ဖခင်ကို ယမန်နေ့ ဇန်နဝါရီ ၂၉ နေ့တွင် စစ်ကောင်စီ၏ အင်းစိန်ထောင်အထူးတရားရုံးက ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။ 
  • တနင်္သာရီတိုင်း၊ ပုလောနှင့် လောင်းလုံးမြို့နယ်တို့တွင် ယနေ့ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စ၍ စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။ 
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ စာသင်ကျောင်း(အထက-ပြင်စာ)အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ ကာကွယ်ရေးတပ်များက ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှ လားရှိုးနှင့် မူဆယ်သို့ သွားရာလမ်းပိုင်း၊ သီပေါမှတဆင့် မန္တလေးသို့ သွားရာလမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်မှ မိုင်းထောင်ထားသောကြောင့် သွားလာရေးအခက်ကြုံနေကြရကြောင်း ဒေသခံများနှင့် ခရီးသွားများက ပြောသည်။ 
  • မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ဝက်လှကလေးကျေးရွာမှ ကျည်ပြီးသည်ဟု နာမည်ကြီးနေသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်လွင်ဆိုသူကို အမည်မသိသေနတ်သမားတစ်ဦး၏ ပစ်ခတ် ခံရမှုကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူ များကပြောသည်။ 
  • ပဲခူးတိုင်း ၊ တောင်ငူခရိုင်၊ ရေတာရည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ် င်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ပုဝါနီစစ်ကြောင်းထံမှ သိရသည်။ 
  • မြန်မာနိုင်ငံရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာ့သတ္တုတွင်းလုပ်ငန်းတွင် ဩစတြေးလျနှင့်ဆက်စပ် ကုမ္ပဏီများ ပါဝင်နေမှု ချက်ချင်းအရေးယူရန် Myanmar Campaign Network က ဩစတြေးလျ အစိုးရကို တောင်းဆိုလိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • အကြမ်းဖက်စစ်ကောင်စီအတွက် ပအိုဝ်း အချင်းချင်းမတိုက်ခိုက်လိုတာကြောင့် စစ်တပ်လက် အောက် ခံ PNOပြည်သူ့စစ်တစ်ဦးက လက်နက်နှင့် အတူ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA) ထံ အလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်သည်။ 
  • ကချင်ပြည်နယ်တွင် နှစ်ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော်( KIA )က စစ်ကောင်စီ တပ်စခန်း နှစ်ခုကို သိမ်းပိုက်လိုက်ကြောင်း KIA စစ်ရေးရုံးအချက်အလက်အရ သိရသည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရှိနေသည့် စစ်ကောင်စီတပ်ရင်း သုံးခုအနက် ခမရ (၃၇၉) အား အပြီးသတ် သိမ်းယူနိုင်ရန် AA က အပြင်းအထန် ထိုးစစ်ဆင်နေဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၂၉ ရက်နေ့ညတွင် ထုတ်ပြန်သည်။ 
  • စစ်ကောင်စီတပ်၏ Eurocopter 365 ရဟတ်ယာဉ်အား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ချ ဖျက်စီးနိုင်ခဲ့ရာ ဗိုလ်မှူးချုပ် အေးမင်းနောင် အပါအဝင် စစ်ကောင်စီ အရာရှိ ၅ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU)က အတည်ပြုထုတ်ပြန်သည်။ 
  • ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။ 
  • “ဝ”က ထိန်းချုပ်ခွင့်ရရှိထားသည့် ရှမ်းပြည်နယ် အရှေ့မြောက် ဟိုပန်ဒေသတွင် အွန်လိုင်းငွေ လိမ်လည်မှုနှင့် သက်ဆိုင်သောလုပ်ငန်းများကို အပြင်းအထန် ဖယ်ရှားရှင်းလင်းသွားမည်ဟု အသိပေးထုတ်ပြန်သည်။ 
  • အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ ကျဉ်းမြောင်းသော အမြင်ရှိသည့် မျက်ကန်းမျိုးချစ်ဝါဒနှင့် နယ်မြေချဲ့ထွင်ရေး ဝါဒနာများကို ဆန့်ကျင်သော မိတ်ဆွေများနှင့် ပူးပေါင်းချီတက်သွားမည်ဟု SSPP က ထုတ်ပြန် ပြောဆိုလိုက်သည်။ 

စစ်ကောင်စီ 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် စစ်ကောင်စီတပ်က မြို့ကိုပြန်လည်စိုးမိုးပြီးနောက် အရပ်သားများကို ပစ်ခတ်ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။ 
  • ယခုလုပ်ဆောင်နေသည့် ရှေ့လုပ်ငန်းစဉ်များ ဦးတည်ချက်များသည် အဂ္ဂမဟာဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ဖြစ်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။ 
  • စစ်ကောင်စီအနေဖြင့် စတင်တာဝန်ထမ်းဆောင်ချိန်တွင် နိုင်ငံ့စီးပွားရေးက အနုတ် ၅ ဒဿမ ၉ ရာခိုင်နှုန်းအထိကျနေခဲ့သော်လည်း  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂ ဒဿမ၄ ရာခိုင်နှုန်းကို ပြန်ရောက်လာခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း ၃ဒဿမ၄ ရာခိုင်နှုန်း၊ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိဆိုလျှင် လည်း ၃ ဒဿမ ၃ရာခိုင်နှုန်းရှိနေကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောပြန်သည်။ 
  • စစ်ရေးအဖက်ဖက်မှ ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့် အတွက် ကြောင့် လားရှိုးမြို့တွင် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ကို အခြေခံစစ်ပညာသင်တန်းပေး နေကြောင်း ဒေသအခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ 
  • မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်းခန်းမ၌ တွေ့ဆုံကြောင်း သတင်းဖော်ပြထားသည်။ 

ဇန်နဝါရီ ၃၀ သုံးသပ်ချက် 

  • စစ်ရှုံးကာ အင်အားပြုန်းတီးနေသည့် စစ်ကောင်စီသည် ပြည်သူ့စစ်များ အတင်းအကျပ်ဖွဲ့စည်းနေသလို ပြည်သူ့စစ်အဖြစ် စုဆောင်းလာသူများကို အခြေခံစစ်ပညာလောက်ပေးကာ လက်နက်ကိုင်တိုက်ပွဲခိုင်း နေသည်။ယင်းအပြင် ဒေသအသီးသီးက ပြည်သူ့စစ်အဖွဲ့များကိုလည်း နည်းမျိုးစုံဖြင့် စည်းရုံးနေ သည်ကို တွေ့ရသည်။