နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၉ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ ကာကွယ်‌ရေး တပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသတွင်ရှိသည့်PDF အထူးစစ်ဆင်ရေးတပ်ဖွဲ့၏ မွမ်းမံသင်တန်းဆင်း ရဲဘော်များ ကို လက်နက် တပ်ဆင်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။ 
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး ကို ဇန်နဝါရီ ၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ တောင်သာမြို့နယ် နတ်စောင့်လျှပ်စစ်ဓာတ်အားပေးခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သွားရောက်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှုများရှိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေးတာဝန်ခံက ပြောသည်။ 
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပျားရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းမှ စစ်ကောင်စီတပ်သားနှင့် ဒေသတွင်း PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း(၄)၏ တာဝန်ရှိသူက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာ၌ ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်း ရွှေဘိုလေ့ကျင့်ရေး(၈)သို့ ပြန်လည်ဆုတ်ခွာသွားပြီး ဖမ်းဆီးထားသူများလည်း ငါးရက်အကြာတွင် လွတ်မြောက်ခဲ့ကြောင်း သတင်းရရှိသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၉ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းပြည်နယ်၊ လားရှိးမြိုနယ်နှင့် နမ့်ဆန်မြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၉ဦးသေဆုံးခဲ့ကြောင်း တအာင်းတပ်မ တော် TNLAက အသိပေးထုတ်ပြန်သည်။ 
  • ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင်ရှိသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခရိုင် ရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နှင့် ဇန်နဝါရီ ၅ ရက်နေ့က အလင်းဝင်လာခဲ့ကြောင်း KNDF က ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က အကြမ်းဖက် စစ်တပ်၏ အကြီးဆုံးရေတပ်စခန်းကြီးဖြစ်သည့် “ဓညဝတီရေတပ်စခန်း” ကို AAက ပထမဆုံးအကြိမ်အဖြစ် စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း မြောက်ပိုင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်အသိပေးလိုက်သည်။ 
  • ချင်းပြည်နယ်၊တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသည် လက်နက် ခဲယမ်း အပြည့်အစုံဖြင့် လက်နက်ချအလင်းဝင်ရောက်လာကြောင်း PDF – Zoland က သတင်းထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်၊ တောင်ရှည်ဗျူဟာကုန်း စခန်းကို တိုက်ခိုက်သိမ်း ပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့် လက်နက်ချ အညံ့ခံခဲ့ပြီး မြောက်ဦးမြို့နယ်က သင်းကျစ် တော်တောင် စစ်စခန်းကိုလည်း သိမ်းဆည်းရရှိ ထားကြောင်း ရက္ခိုင့်တပ်တော် (AA) ဇန်နဝါရီလ ၈ ရက်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။ 
  • ၁၀၂၇စစ်ဆင်ရေးစတင်ချိန်မှ ၂၀၂၄ ဇန်နဝါရီ၇ ရက်အထိ အထူးဒေသ(၁)နယ်မြေအတွင်း၌ စစ်ကောင်စီ၏လေကြောင်းပစ်ခတ်မှု ကြောင့် အရပ်သား(၇၃)ဦး သေဆုံးခဲ့ပြီး (၇၃)ဦးဒဏ်ရာ ရရှိခဲ့ဟု ကိုးကန့်တပ်မတော် (MNDAA)က သတင်း ထုတ်ပြန်သည်။ 
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ကျောက်မဲလေးကျေးရွာတွင် တအာင်းတပ်မတော်(TNLA) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ရက်ဆက်တိုက်ပွဲများပြင်းထန်နေသည်။ 
  • လောက်ကိုင်တွင် ကိုးကန့် MNDAA ယူနီဖောင်းဝတ်ဆင်၍ စေတီကို တူဖြင့် ထုပြကာ အကြံဆိုး ဖြင့် ဘာသာရေးနှင့် လူမျိုးရေးပဋိပက္ခဖြစ်ရန် လှုံ့ဆော်မှု ကို MNDAA က အရေးယူ မည်ဖြစ် ကြောင်း၊ MNDAA အနေဖြင့် လွတ်လပ် သော ဘာသာရေးကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာ ရေးအဆောက် အအုံဖျက်ဆီးရန်အမိန့်ပေးခြင်းများလုံးဝမရှိခဲ့ကြောင်း MNDAA က တရားဝင် ကြေညာသည်။ 

စစ်ကောင်စီ 

  • ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် စစ်ကောင်စီခန့် ပြည်ထောင်စု ဝန်ကြီးနှစ်ဦး ကို ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် နေရာအပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မြဝတီရုပ်သံက ကြေညာသည်။ 
  • စင်္ကာပူနိုင်ငံမှ ပြည်ပသို့ ထွက်ခွာစဉ် စင်္ကာပူဒေါ်လာ ၅၀၈,၉၂၅ တန်ဖိုးရှိ ငွေကြေးများ သယ်ဆောင် မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ အစီရင်ခံတင်ပြရန် ပျက်ကွက်မှုအတွက် စစ်ကောင်စီ လက်နက်ပွဲစား ကျော်မင်းဦး အပါအဝင် မြန်မာနိုင်ငံသားသုံးဦး ဒီဇင်ဘာ ၂၆ ရက်က စင်္ကာပူတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ 

ဇန်နဝါရီ သုံးသပ်ချက် 

  • မြောက်ပိုင်းညီနောင်မဟာမိတ်များ၏ တိုက်ခိုက်မှုများ၌ အရေးနိမ့်လာနေသည့် စစ်ကောင်စီသည် လောက်ကိုင်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကိုပါလက်လွှတ်လိုက်ရပြီးနောက် တပ်တွင်းအပြောင်းအလဲအချို့ကို လုပ်ဆောင်ကာ လူပြောင်း ကစားရန် စီစဉ်နေသည်။