ကြံခင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်

မင်းထက်

(မဇ္စျိမ) ။ ။ ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ ဇန်နဝါ ရီလ ၃၀ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြသည်။

“စစ်အုပ်စုရဲ့ အုပ်ချုပ်ရေး ယန္တရားကို တော်လှန်ရေးတပ်ဖွဲ့တွေက ခြိမ်းခြောက်နေပြီ”စာသားပါ ဘန်နာ(ဗီနိုင်း) ကိုင်စွဲကာ ကြံခင်းမြို့ပေါ်တနေရာ၌ ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သပိတ်ကော်မတီဝင်တဦးကပြောသည်။

စကြဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ စတင်ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် စကြဝတေးမင်းကြီး သပိတ်အဖွဲ့၏ ၁၆၂ ကြိမ်မြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး