ရေစကြိုတွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု၂ဦး သေဆုံး၊ သေနတ် ၂လက်ပကဖသိမ်း

ရေစကြိုပကဖ သိမ်းယူခဲ့သည့် သေနတ်နှစ်လက်/Photo/ရေစကြိုပကဖ

008

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ဆင်ချောင်း‌‌ကျေးရွာအ‌‌ခြေစိုက်ပျူစခန်းမှထွက်လာသည့် စစ်‌ကောင်စီတပ်ဖွဲ့ကို ယနေ့ ဖေဖော်ဝါရီ ၉ရက်၊နံနက် ၁၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှနှစ်ဦးသေပြီး သေနတ်နှစ်လက်သိမ်းဆည်းရရှိခဲ့သည်ဟု ရေစကြိုမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့်ပျူစောထီးအချို့အပါအဝင်ခုနစ်ဦးလိုက်ပါလာသည့်ကားကို ပခုဣူ-ရေစကြို ကားလမ်းပေါ်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးနှင့် ပျူစောထီးတဦး သေဆုံးကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

၎င်းက ” ကားပေါ်ပါတဲ့ ငါးကောင်ကဆင်းပြေးလို့ လိုက်လံ ပစ်ခတ်ခဲ့တယ်။နောက်ဆက်တွဲအ‌ခြေအနေကို ကျွန်တော်တို့ရဲ့ ကင်းထောက်တွေ စုံစမ်းနေပါတယ်။အခုတိုက်ခိုက်မှုမှာတော့ G-3 တလက်နှင့်ကာဘိုတလက်သိမ်းဆည်းနိုင်ခဲ့တယ်”ဟု ပြောသည်။

ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ-၂၊ Southern Yesagyo PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

သေဆုံးသွားသူနှစ်ဦးကို ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် စစ်ကောင်စီက လာရောက်သယ်ဆောင်သွားပြီး ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ စစ်ကား နှစ်စီးဖြင့် အင်အား ၄၀ နီးပါး စစ်ကူများရောက်ရှိလာ‌ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၅ရက်၊ ညနေကလည်း ရေစကြိုမြို့ နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဗိုလ်မှူးချမ်းမြေ့အောင်လိုက်ပါလာသည့်အိမ်စီးကားသည် မြို့ အထွက်ဆိုင်းဘုတ်နား၌ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှု၌ ဗိုလ်မှူး ချမ်းမြေ့အောင်အပါအဝင် စစ်သားသုံးဦးသေဆုံး ကြောင်း ရေစကြိုမြို့နယ်ပကဖက ထုတ်ပြန်ထားသည်။

စာတည်း -အေးချမ်း