နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၉ဖေဖော်ဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုကို တိုက်ထုတ်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စု အဖွဲ့ဝင်များ မိမိတို့၏ နယ်မြေ များ အတွင်းမှာ လုံးဝခြေမချနိုင်ရေး စသည့်ကအရေးတကြီး ပထမ ဦးစားပေးလုပ်ငန်းများ အဖြစ် မြေပြင်တော်လှန်ရေးအဖွဲ့များကြား၌ နားလည်မှုရှိနေကြရန် အင်မတန်ကို အရေးကြီး ပါကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကပြောသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့မှာရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး ကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • ပြည်သူများထောက်ပံ့သည့် ဘဏ္ဍာငွေများကို စစ်ရေးအတွက် ဦးစားပေးသုံးနေရသဖြင့် CDM ၀န်ထမ်းများ ထောက်ပံ့ရာ၌ အကန့်အသတ် ဖြစ်နေခြင်းအပေါ် စိတ်မကောင်း‌ကြောင်း နိုင်ငံ့ ၀န်ထမ်းများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု သုံးနှစ်ပြည့် အခမ်းအနားတွင် NUG ၀န်ကြီးချုပ်‌ မန်း၀င်းခိုင်သန်းက ‌ပြောသည်။ 
  • ဒီးမော့ဆိုမြို့နယ်က စာသင်ကျောင်းနှင့် ကျေးရွာများ တိုက်ခိုက်ခံရမှုများနှင့် ပတ်သက်ပြီး ကရင်နီ ပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IECနှင့် NUG တို့ပူးပေါင်းပြီး ရရှိထားသည့် သက်သေ များ နှင့် တကွ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့ကကျင်းပခဲ့ပြီး လေယာဉ် မပျံသန်းရ (No Fly Zone) သတ်မှတ်ပေးရန် နိုင်ငံတကာကို ပူးတွဲ တောင်းဆိုလိုက်သည်။ 
  • ရုပ်ရှင် ၊ ဂီတ ၊ သဘင်အနုပညာရှင်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထား သော စစ်ကောင်စီအပြင် ၎င်း​၏အပေါင်းအပါများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု အမျိုးသားညီညွတ်‌ရေးအစိုးရ၏ ပြည်သူ့ရဲတပ်ဖွဲက သတိပေးကြေညာသည်။ 
  • မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ စစ်ကောင်စီ တပ်သား ၁ ဦး MA-3 သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • အကြမ်းဖက်စစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးများကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် ရှိရှိ နှင့် အကြိမ်ကြိမ်ဖျက်ဆီးခဲ့ရာ အကြိမ်ပေါင်း ၁၆၄ ကြိမ်အထိ ပြုလုပ် ထားကြောင်း  NLD က  ထုတ်ပြန်သည်။ 
  • ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဖေဖော်ဝါရီလ ၆ ရက်၊ နံနက်ပိုင်းအချိန်က အမျိုးသား ငါးဦးနှင့် အမျိုးသမီးတဦး ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံသိရသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း ကာလင်းမြို့ထဲအထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာကြောင်း ကောလင်းတော်လှန်ရေးအဖွဲ့ (KR) က ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ 
  • မန္တလေး-မြစ်ကြီးနားလမ်းတွင် စစ်ကောင်စီ၏မြေမြှုပ်မိုင်းအန္တရာယ်ကျရောက်နိုင်သည့် လမ်းပိုင်း အချို့ကို ဖေဖော်ဝါရီလကုန်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 
  • တနင်္သာရီတိုင်းတွင် ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် ရှေ့တန်းကင်းစခန်းတစ်ခုကို တော်လှန်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လောင်းလုံးနယ်အတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်နေသော စစ်သင်္ဘောတစ်စင်းကို ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရှမ်းနီတပ် (SNA )နှင့် ပျူစောထီးများပါဝင် သည့် အင်အား ၃၀၀ ခန့်ပါစစ်ကြောင်းသုံးကြောင်း နှင့် ​တော်လှန်​ရေးတပ်ဖွဲ့များ ကြားတိုက်ပွဲဖြစ် ပွား​နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေသည်။ 
  • ကောလင်းမြို့တွင် ခုနှစ်​မြောက်​နေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ​ဖေ​ဖော်ဝါရီ ၈ ရက်တိုက်ပွဲ၌ စစ်ကောင်စီဘက်မှသေဆုံးသူများကာ ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦး ဒဏ်ရာရရှိခဲ့သည်။ 
  • စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများတပ်စွဲရာ ကံရွာကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုများက သွားရောက်တိုက်ခိုက်ရာ သတင်းပေါက်ကြား၍ ရဲဘော်၁၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(S R.F)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 
  • အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါ ပျူစောထီးများ၊ ပြည်သူ့စစ်များသည် အာဏာသိမ်းပြီး နောက် စစ်ရာဇဝတ်မှု သုံးမျိုးကို ရက်ရက် စက်စက် စိတ်ပါလက်ပါ ကျူးလွန်ခဲ့သည်ကိုတွေ့ရ ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ ထုတ်ပြန်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အကြမ်းဖက်စစ်ကောင်စီနှင့် လက်အောက်ခံ အပေါင်းအပါပြည်သူ့စစ်များက ပအိုဝ်းဒေသကို လက်နက်ကြီး၊ လေကြောင်းနှင့် ဆက်လက်ဗုံးကြဲ ပစ်ခတ်ဖျက်ဆီးနေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်လိုက်သည်။ 
  • ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ခမရ(၁၁၂) အခြေချသည့် ၁၂ မိုင်ကုန်း တပ်စခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး စစ်သုံ့ပန်း တဦး အရှင်ဖမ်းမိကြောင်း ကရင်ပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)တို့က ထုတ်ပြန်သည်။ 
  • ရခိုင်ပြည်နယ်တွင် ဆက်တိုက်ဖြစ်‌ပွားနေသည့် တိုက်ပွဲများအတွင်း AA ကစစ်ကောင်စီ၏ စစ် သင်္ဘော သုံးစင်းကို နစ်မြုပ်နိုင်ခဲ့ပြီး သင်္ဘောပေါ်မှစစ်‌ကောင်စီ တပ်ဖွဲ့၀င်များကို လိုက်ရှင်း လျက်ရှိ သည့်အပြင် ‌မြောက်ဦးမြို့တွင် ကျန်နေသည့် ရဲတပ်ရင်းကို သိမ်းပိုက်လိုက်‌‌ကြောင်း ညီနောင်သုံးဖွဲ့ က ဖေဖော်ဝါရီ ၈ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ 
  • ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင် စီ နှင့် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ် PNOတပ်များက စစ်ကြောင်းထိုးရန် ကြိုးစားနေ ၍ တိုက်ပွဲဖြစ်ပွားမှု နေ့တိုင်းနီးပါးရှိနေကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ 

စစ်ကောင်စီ 

  • စားသုံးဆီများ ပြည်တွင်းဖူလုံမှုရှိစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေး ဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ ဖြိုးရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ဦးဆောင် ပါဝင်သော စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီကို ဖွဲ့စည်း လုပ်ဆောင်နေကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ ဈာပန ပူဇာသဘင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံး             ဖြစ်အောင် ကျင်းပရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ညွှန်ကြားခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။ 
  • ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို မြောင်းမြမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၁၁၄ ခုမှ ပြည်သူ ၆၁၅ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ 
  • သတင်းအမှားများနေ့စဉ် ထုတ်လွှင့် ပြန်ကြားနေသည့် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီး ဦးမောင်မောင်အုန်းသည် မန္တလေးရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသား ကျောင်းသူများအား “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏ အခန်းကဏ္ဍ” ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးပြောကြားကြောင်း ထုတ်ပြန်ထားသည်။ 

ဖေဖော်ဝါရီ သုံးသပ်ချက် 

  • သတင်းအမှားများ နေ့စဉ်ဖြန့်ချိနေသည့် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ကြီးက “တားဆီးကာကွယ်မီဒီယာ အဆိပ်သင့်မှုအန္တရာယ်”ဆိုသည့် ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို ဟောပြောနေသည်။တကယ်ဆိုလျှင် ပြည်သူကို နေ့စဉ် ဝါဒမှိုင်းတိုက် နေသည့် မြဝတီ ၊ MRTV ၊ မြန်မာ့အလင်း၊ကြေးမုံစသည့် စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများကို မကြည့်ပါက မီဒီယာ အဆိပ်သင့်မှုအန္တရာယ် မရှိနိုင်ဟု ဆိုရမည်ဖြစ်သည်။ 
  • စစ်ကောင်စီလော်ဘီတစ်စုမှ ကောလင်းမြိူ့ကို ပြန်သိမ်းနိုင်ပြီးဟု သတင်းအမှား ထုတ်လွှင့် ကာ ဝါဒမှိုင်းတိုက်နေသော်လည်း တကယ်တမ်းမြေပြင်တွင် စစ်ကောင်စီတပ်သည် အသေများပြီး ထွက်ပြေးနေရသည့် အခြေအနေတွင် ရှိနေသည်။