ထိုင်ဝမ်သမ္မတအဖြစ် ဝီလျံလိုင် ရွေးကောက်ခံရမှုက တရုတ်ကို အထိနာစေ

ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တိုင်ပေမြို့တွင် ဝီလျံလိုင် အောင်ပွဲခံနေပုံ။

The Singapore Post

ထိုင်ဝမ်သမ္မတအဖြစ် ဝီလျံလိုင် ရွေးကောက်ခံရမှုကြောင့် ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်အနေ အထားသည် ခံစစ်အနေအထား ဖြစ်သွားခဲ့သည်။

ရွေးကောက်ပွဲကျင်းပခါနီးတွင် တရုတ်က လူကြိုက်များသည့် ဝီလျံလိုင်ကို မဲမပေးကြရန် ခြိမ်းခြောက် ခဲ့သည်။

တရုတ်က ထိုင်ဝမ်ကမ်းရိုးတန်းသို့ စစ်သင်္ဘောများ စေလွှတ်ခဲ့သလို ထိုင်ဝမ်ဝေဟင်သို့ စစ်လေယာဉ် အ မြောက်အမြား စေလွှတ်ခဲ့ပြီး မဲဆွယ်စည်းရုံးရေး နောက်ဆုံးအကျော့တွင် ထိုင်ဝမ်သို့ သူလျှိုမိုးပျံပူဖောင်း များပင် စေလွှတ်ခဲ့သည်။

ထိုင်ဝမ်ပြည်သူများအား အနာဂတ်တွင် ငြိမ်းချမ်းရေးရလိုပါက ဝီလျံလိုင်ကို မဲမပေးရန် တရုတ်က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်များသည် ဝီလျံလိုင်အာဏာရရန် မဲပေးခဲ့သော ထိုင်ဝမ်လူမျိုးများအပေါ် သက်ရောက်မှုရှိ ပုံမပေါ်ပေ။ ဝီလျံလိုင်ရွေးကောက်ခံရခြင်းက ထိုင်ဝမ်ပြည်သူများသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကို ငြိမ်းချမ်းစွာခံစားလိုကြပြီး တရုတ်နှင့် ပေါင်းစည်းရန် ရည်ရွယ်ချက်မရှိသည့် သတင်းစကားဖြစ်နိုင် သည်။

ထိုင်ဝမ်ရွေးကောက်ခံအစိုးရသစ်အား အမေရိကန်နှင့် အခြားသော အနောက်ဒီမိုကရေစီနိုင်ငံများက ထိတွေ့ဆက်ဆံမှုများ တိုးလာနေသောကြောင့် တရုတ်က ယင်းနိုင်ငံများနှင့် အနာဂတ်တွင် ထိုင်ဝမ်အား တရုတ်လက်မှ လွတ်မြောက်အောင် မပြုလုပ်ပါဟူသော သဘောတူညီချက်ရရှိရေးအတွက် ညှိနှိုင်းရေးမှ လွဲ၍ ရွေးချယ်စရာ အနည်းငယ်သာ ကျန်ရှိတော့သည်။

ဇန်နဝါရီ ၁၃ တွင် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ၌ သမ္မတသစ်ရွေးကောက်ခံရပြီးနောက် ဇန်နဝါရီ ၂၅ ရက် တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ ပါတီနှစ်ရပ်လုံးမှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ထိုင်ဝမ်သို့ လာရောက်လည်ပတ်ကာ ထိုင်ဝမ်ကို ထောက်ခံကြောင်း ထပ်မံဖော်ပြခဲ့သည်။

ထိုင်ဝမ်ကို လွတ်လပ်သောနိုင်ငံအဖြစ် ထောက်ခံအားပေးသည့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီက တတိယမြောက်သက်တမ်းအတွက် အနိုင်ရပြီးနောက်ပိုင်း အမေရိကန်လွှတ်တော်အမတ်များသည် ထိုင်ဝမ်သို့ ပထမဆုံးလာရောက်သည့် ကိုယ်စားလှယ်အဖွဲ့ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်က ထိုင်ဝမ်အနီးတဝိုက်တွင် လေယာဉ် ၃၃ စီးနှင့် ရေတပ်သင်္ဘောခြောက်စင်း စေလွှတ်ခြင်းကို ကန့်သတ်ခဲ့သည့် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီပေလိုစီ၏ ယခင် လည်ပတ်မှုများနှင့် နှိုင်းယှဉ်ပါက၊ အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်သို့ လာရောက်ခြင်း အပေါ် တရုတ်က တုံ့ပြန်မှုမရှိခဲ့ပေ။

ယင်းတို့အနက်မှ စစ်လေယာဉ် ၁၃ စင်းသည် ထိုင်ဝမ်နှင့် တရုတ်အကြား တရားဝင်မဟုတ်သော နယ်နိမိတ်ဖြစ်သည့် ထိုင်ဝမ်ရေလက်ကြားအလယ်ကို ဖြတ်ကျော်လာသဖြင့် ထိုင်ဝမ်ကလည်း ကိုယ်ပိုင်တပ်ဖွဲ့များကို ဖြန့်ကြက်ခဲ့သည်။

ထိုင်ဝမ်သည် ယခုအချိန်မှစ၍ တရုတ်ထိန်းချုပ်မှုကို မခံဘဲ နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်ဆံရေး တည်ဆောက်လိုကြောင်း ဝီလျံလိုင်က ကိုယ်စားလှယ်အဖွဲ့ကို ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။

ဝီလျံလိုင်နှင့် အမေရိကန်ကွန်ဂရက်မှ ကိုယ်စားလှယ်အဖွဲ့တို့ကြား ဆွေးနွေးပွဲများတွင် အမေရိကန်ထံမှ စစ်ရေးအကူအညီများ ဆက်လက်ရရှိရေးကိစ္စကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

တချိန်တည်းတွင်ပင်၊ ထိုင်ဝမ်အစိုးရသစ်သည် ယခုအခါ တရုတ်ဖိအားကို ဆန့်ကျင်လျက် လက်ရှိ အနေအထားကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် ရွေးကောက်ပွဲရလဒ်ကြေညာပြီး အစိုးရဖွဲ့စည်းပြီး မကြာခင်မှာဘဲ တရုတ်ခြိမ်းခြောက်မှုကို လက်မခံသည့်အနေဖြင့် အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်စစ်သင်္ဘောများသည် တောင်တရုတ် ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၇ ရက်တွင် စတင်ပြုလုပ်ခဲ့ကာ မဟာဗျူဟာ မြောက် ရေကြောင်းလမ်းကြောင်းတခုလုံးနီးပါးအပေါ် တရုတ်က ပိုင်ဆိုင်ကြောင်း ပြောကြားချက်ကို လက်ခံမည်မဟုတ်ကြောင်း နိုင်ငံတကာအသိုက်အဝန်းက တရုတ်သို့ သတင်းစကားပေးပို့ခဲ့သည်။