ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာလို့ ရွာ ၄ ရွာက ဒေသခံတွေ တိမ်းရှောင်နေရ

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးဆိုသူ ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာတဲ့အတွက် ကျေးရွာလေးရွာက ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေရတယ်လို့ ဒေသခံက ပြောပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ပျူစောထီးပေါင်းအဖွဲ့က နဘူးတောကျေးရွာကို လေးကြိမ်မြောက် မီးတင်ရှို့ပြီး စုစုပေါင်းနေအိမ် ၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရကာ၊ ဒေသခံ ပြည်သူတဦးသတ်ဖြတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွါးခဲ့သေးတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-ဖူးသိမ်ကျ