ပလက်ဝဒေသမှ AA သိမ်းဆည်းရမိသော သံချပ်ကာ ကားများနှင့် လက်နက်ခဲယမ်းများ

မဇ္ဈိမ

ချင်းပြည်နယ်၊ ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မ ဌာနချုပ်ဖြစ်သော ခလရ (၂၈၉)နှင့် စကခ (၁၉) တို့အား ရက္ခိုင့်တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပလက်ဝဒေသရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းများနှင့် တပ်စခန်းများကို တခုပြီးတခု နှစ်လကျော်ကြာ AA က ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝဒေသ တခုလုံးကို အပြီးတိုင် သိမ်းပိုက်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

AA ထုတ်ပြန်သော သိမ်းဆည်းရမိမှုများတွင် စစ်ကောင်စီတပ် သံချပ်ကာကားများ၊ အတွဲလိုက်ပစ်ဒုံးများ အပါအဝင် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို တွေ့ရသည်။