မော်လ်ဒိုက်နှင့်ပတ်သက်၍ ထိပ်တိုက်တွေ့လာသော တရုတ်နှင့် အိန္ဒိယ

The Singapore Post:-

တရုတ်ဒုတိယသမ္မတ လီဂေါ်ကျောင်းသည် ယခုနှစ် ဇန်နဝါရီ ၂၄ ရက်၌ မော်လ်ဒိုက်နိုင်ငံတွင် ခရီးစဉ် တထောက်နားခဲ့သည်။ ထို့အတောအတွင်း မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီး မူဆာဇမ်မီယာနှင့် တွေ့ဆုံခဲ့သည်။

တရုတ်ဒုတိယသမ္မတသည် ယူဂန္ဓာနိုင်ငံတွင် ဇန်နဝါရီ ၁၉ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပသည့် ဘက်မလိုက်နိုင်ငံများထိပ်သီးအစည်းအဝေးနှင့် တတိယအကြိမ်မြောက် တောင်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး အပြန်ခရီးတွင် တထောက်နားခဲ့ခြင်း ဖြစ်သည်။

မော်လ်ဒိုက်သမ္မတ မွဇ်ဇူ၏ ငါးရက်ကြာ တရုတ်ခရီးအစဉ်အတွင်း တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူစာချုပ် ချုပ်ဆိုရန် ကတိပြုခဲ့ပြီးနောက် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ “နှစ် ၆၀ ကြာ ဆင်းရဲနွမ်းပါးစေသော နယ်ချဲ့ဝါဒကိုဖြေရှင်းရန် တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ တရုတ် ပြင်ဆင်လာ” ဟု ခေါင်းစဉ်တပ်ထားပြီး Battle Intelligence လူမှုမီဒီယာတွင် ဇန်နဝါရီ ၁၈ ရက်တွင် တရုတ်ဘာသာဖြင့်လွှင့်တင်ထားသည့် ဆောင်းပါးသည် ထိုတရားဝင်ခရီးစဉ်များထက် ပိုမိုစိတ်ဝင်စားဖွယ် ကောင်းသည်။

၎င်းတွင် အချက်နှစ်ချက် ဖော်ပြထားပြီး ပထမအချက်မှာ မော်လ်ဒိုက်တွင် အိန္ဒိယခေတ် ကုန်ဆုံးသွားပြီဖြစ်ပြီး ယခုအခါ တရုတ်က ထိုနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အသင့်ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် တရုတ်သည် နိုင်ငံရေးနှင့် စီးပွားရေးကို လက်ဝါးကြီးအုပ်နိုင်ရန် တောင်အာရှသို့ ပြန်လည်ဝင်ရောက်နိုင်မည့် အခင်းအကျင်းကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဒုတိယအချက်တွင် ဖော်ပြထားသည်။ ပတ်သက်ဆက်နွှယ်မှုများအရ တရုတ်သည် တောင်အာရှနိုင်ငံအားလုံးမှ အိန္ဒိယထွက်ခွာသွားရေး လှုံ့ဆော်ရန် ဆန္ဒရှိနေသည်။ တရုတ်သည် ထိုကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စတင်ခဲ့ပြီး ဖြစ်သည်။

တရုတ်သည် ယခုအခါ တောင်အာရှဘက်သို့ မျှော်ကြည့်လာပြီး ဆင်းရဲနွမ်းပါးစေသော နယ်ချဲ့ဝါဒကို ဖြေရှင်းရန် အချိန်ကျပြီဖြစ်ကြောင်း မကြာသေးမီက တရုတ်နိုင်ငံသို့သွားရောက်ခဲ့သော မော်လ်ဒိုက်သမ္မတ မိုဟာမက်မွဇ်ဇူက ပြောကြားခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်ကို အသားပေးရေးသာထားပြီး အိန္ဒိယက မော်လ်ဒိုက်သို့ စစ်ရေးလေ့ကျင့်မှုများနှင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရန် ကြိုပမ်းနေကြောင်း အရိပ်အမြွက် ဖော်ပြထားသည်။ မော်လ်ဒိုက်စစ်တပ်ကို အကူအညီများပေးနေသည့် အိန္ဒိယတပ်ဖွဲ့များအနေဖြင့် မတ်လ ၁၅ ရက်နေ့နောက်ဆုံးထား၍ နှစ်လအတွင်း နိုင်ငံအတွင်းမှ ရုပ်သိမ်းရန် သမ္မတမွဇ်ဇူက တရုတ်နိုင်ငံမှ ပြန်ရောက်ပြီးနောက် ရာဇသံပေးခဲ့သည်။

သမ္မတမွဇ်ဇူက အိန္ဒိယတပ်ဖွဲ့များကို မော်လ်ဒိုက်မှ မောင်းထုတ်ခြင်းဖြစ်ပြီး တရုတ်အနေဖြင့် ၎င်းကို ဂုဏ်ပြုသင့်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဘာနဲ့ ဂုဏ်ပြုမှာလဲ။ ငွေပုံပေးမှာလားဟု မေးခွန်းထုတ်ရမည် ဖြစ်သည်။ ထိုသို့ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သမ္မတရာမီးန်လက်ထက် တရုတ်၏ စီးပွားရေးအကူအညီများကြောင့် အကြွေးထပ်တိုးလာခဲ့သည်။ မော်လ်ဒိုက်နှင့် တရုတ်အကြား အဆိုပါကိစ္စနှင့်ပတ်သက်သော သဘောထားကွဲလွဲမှုများသည် ပထဝီနိုင်ငံရေးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ငွေကြေးဖလှယ်ရေးအစီအစဉ်ကဲ့သို့သော မော်လ်ဒိုက်၏ တောင်းဆိုမှုများကို တရုတ်က သဘောတူခဲ့ခြင်း မရှိပေ။

သို့သော် ခြုံကြည့်လျှင် နှစ်နိုင်ငံခေါင်းဆောင်များကြား နိုင်ငံရေးအရနားလည်မှုရှိခြင်းသည် အပြုသဘောဆောင်လျက်ရှိသည်။ တောင်အာရှတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သော ယင်းဆောင်းပါးက တရုတ်ဘက်သို့ပြန်လှည့်လာသည့် မော်လ်ဒိုက်နှင့်ပတ်သက်၍ လုပ်ဆောင်စရာများစွာရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ မွဇ်ဇူ၏ခရီးစဉ်အား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုအဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ မွဇ်ဇူ၏ ခရီးစဉ်အတွင်း သဘောတူစာချုပ်ပေါင်း ၂၀ ကို လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ မိတ်ဖက်ဆက်ဆံရေး၏ အိန္ဒိယအပေါ် ရိုက်ခတ်မှုသည် ကြီးမားကြောင်း Battle Intelligence တွင် ဖော်ပြထားသည်။ မော်လ်ဒိုက်မှ အိန္ဒိယ တပ်ဖွဲ့ဝင်များကို ရုပ်သိမ်းမှုသည် ဝန်ကြီးချုပ်မိုဒီ ရင်ဆိုင်နေရသော မဲဆွယ်စည်းရုံးရေးဖိအားများကို ပိုတိုးလာစေပြီး ၎င်းအပေါ် ပြည်တွင်း ထောက်ခံမှုကို ထိခိုက်စေခဲ့ကြောင်း တရုတ်က ယူဆထားသည်။ မော်လ်ဒိုက်မှ အိန္ဒိယတပ်ဖွဲ့များ ရုပ်သိမ်းမှုသည် တနည်းနည်းဖြင့် မိုဒီအပေါ် ပြည်တွင်းထောက်ခံမှုကို ထိခိုက်စေမည်ဆိုသည့် ယူဆချက်သည် ပေါ့ပျက်ပျက် နိုင်လွန်းသည်။

မိုဒီသည် မဲဆွယ်စည်းရုံးမှုဆိုင်ရာ ဖိအားများကို ကြုံတွေ့နေရသည်ဆိုသည့် မှားယွင်းယူချက်သည် တရုတ်၏ ဝါဒဖြန့်မှု သက်သက်သာဖြစ်သည်။ နောက်တချက်မှာ အိန္ဒိယတပ်ဖွဲ့များသည် မော်လ်ဒိုက်မှ မောင်းထုတ်ခံရခြင်းမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းများ ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။ ဆွေးနွေးညှိနှိုင်းမှုမရှိဘဲ တပ်ဖွဲ့များ ရုပ်သိမ်းခြင်း မပြုနိုင်ပေ။ နှစ်နိုင်ငံ သဘောတူစာချုပ်ချုပ်ဆို၍ ဆောင်ရွက်ထားသောကြောင့် ဖြစ်သည်။ ၎င်းသည် ဗဟိုအဖွဲ့တခုဖွဲ့စည်းရန် အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး ထိုအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးကို ယခုလ အစောပိုင်းက နယူးဒေလီမြို့တွင် ပြုလုပ်ခဲ့သည်။

ဩဇာလွှမ်းမိုးမှု ထူထောင်လိုသည့် မူဘောင်သည် တစစီပြိုကွဲရန် စတင်လာပြီဟု Battle Intelligence ဝက်ဘ်ဆိုက်၏ ယင်းဆောင်းပါးတွင် ဖော်ပြခဲ့ခြင်းသည် တောင်အာရှနိုင်ငံများသို့ အိန္ဒိယ၏ ဖွံ့ဖြိုးရေးအကူအညီများနှင့် ပံ့ပိုးမှုများကို ရည်ညွှန်းခြင်း ဖြစ်သည်။ တရုတ်၏ အိမ်နီးချင်းဦးစားပေးမူဝါဒသည် နိုင်ငံများကို ငွေထုတ်ချေးကာ ၎င်းထံ ကြွေးနွံနစ်အောင် ဆောင်ရွက်ခြင်းဖြစ်ပြီး အရေးကြီး ဟမ်ဘန်တိုတာကဲ့သို့သော အခြေခံအဆောက်အအုံများကို ထိန်းချုပ်ရန်ဖြစ်ကြောင်း အစဉ်သတိချပ်ရမည်ဖြစ်သည်။

ဟမ်ဘန်တိုတာကိစ္စတွင် အိန္ဒိယသည် အရေးကြီးက သွေးစည်းကြောင်း ပြသခဲ့သည်။ မော်လ်ဒိုက်မှ အိန္ဒိယထွက်ခွာသွားပြီးနောက် ပေါ်ပေါက်လာသည့် တရုတ်-မော်လ်ဒိုက်ပူးပေါင်းဆောင်ရွက်ရေးကို နီပေါ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဘူတန်တို့ကဲ့သို့ တောင်အာရှနိုင်ငံများက အတုယူကြမည်ဟု စောကဒက တက်စရာသည်။ တောင်အာရှရှိ နိုင်ငံအားလုံးမှ အိန္ဒိယထွက်ခွာသွားရေးလှုပ်ရှားမှုကို တရုတ်က စတင် ကြိုးပမ်းသွားမည်ဆိုသည့် စကားနှင့် ပြောင်းပြန်ဖြစ်သည်။

ပထဝီနိုင်ငံရေးအပြောင်းအလဲများဖြစ်ပေါ်ပါက အိန္ဒိယနိုင်ငံအတွင်း အကွဲအပြဲဇာတ်လမ်းများ မြင့်တက်လာနိုင်သည်ဟု ဖော်ပြထားသည့်အချက်အရ ယင်းဆောင်းပါးသည် ဝါဒဖြန့်မှုနှင့် သတင်းတု၊ သတင်းမှား လှုပ်ရှားမှုအတွက် သက်သေဖြစ်သည်။ မော်လ်ဒိုက်-တရုတ်ဆက်ဆံရေးသည် တောင်အာရှရှိ တရုတ်၏ ပထဝီ-မဟာဗျူဟာအတွက် လတ်တလော ကောင်းမွန်ကြောင်း တရုတ်ဘာသာဖြင့်ထုတ်ဝေသည့် ယင်းဆောင်းပါးတွင် ကောက်ချက်ချထားသည်။

မော်လ်ဒိုက်သည် အိန္ဒိယ၏ အထွေထွေရွေးကောက်ပွဲရလဒ်နှင့် မဟာဗျူဟာလိုအပ်ချက်များကို ထည့်မတွက်ဘဲ လက်ရှိလမ်းကြောင်းအတိုင်း ဆက်လက်ရပ်တည်ရန် အခွင့်အရေးကောင်းများရှိကြောင်း ခန့်မှန်းထားသည်။ အပေါ်ယံကြည့်လျှင် ယင်းဆောင်းပါးသည် တပ်ဖွဲ့များရုပ်သိမ်းရေးနှင့်ပတ်သက်၍ အိန္ဒိယနှင့် မော်လ်ဒိုက်အကြား သဘောတူညီချက်ရရှိထားသည်ဟု သတိပေးထားခြင်းဖြစ်သည်။ အခြားတဖက်ကကြည့်လျှင် တရုတ်၏ မော်လ်ဒိုက်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ခြင်းကို ဆိုလိုပြီး အိန္ဒိယတပ်ဖွဲ့များတည်ရှိမှုသည် အရေးပါကြောင်း မသမာသော အကြမ်းဖက်တိုက်ခိုက်မှုများက သက်သေပြနေသည်။

တောင်အာရှတွင် ဩဇာလွှမ်းမိုးရေး အေးဂျင့်များစွာရှိသည့် တရုတ်က အိန္ဒိယအား တောင်အာရှသို့ အေးဂျင့်များမွေးနေကြောင်း စွပ်စွဲခြင်းမှာ ရယ်စရာကောင်းသည်။ တောင်အာရှရှိ ဆင်းရဲစေသော နယ်ချဲ့ဝါဒကို ဖြေရှင်းရာတွင် တရုတ်အတွက် အိန္ဒိယ၏ ဆောင်ရွက်လာနိုင်ခြေများကို ကိုင်တွယ်ရခြင်းသည် အရေးပါသော အဆင့်ဖြစ်နိုင်သည်။ အာရှတိုက်အနှံ့မှ နိုင်ငံများစွာကို အကြွေးနွံနစ်စေသည့် တရုတ်၏ ချမ်းသာကြွယ်ဝရေးနယ်ချဲ့ဝါဒကကော ဘာဖြစ်လာမလဲဆိုတာ မေးခွန်းထုတ်ရမည် ဖြစ်သည်။