KNU တပ်မဟာ(၃)နယ်မြေတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားများ ထိခိုက်သေဆုံး

စစ်ကောင်စီ​၏ ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးမှုများ (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးခရိုင်၊ မုန်းမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှု ကြောင့် အရပ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟို မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုအားပစ်မှတ်ထားပြီးကျူးလွန်ခဲ့သော လေကြောင်းတိုက်ခိုက် မှုများနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်ခိုက်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု သေဆုံး၊ ထိခိုက်ဒဏ်ရာရ သည့်အပြင် နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများ ပျက်စီးခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းတွင် ရွှေဝါအခြေစိုက် စစ်ကောင်စီ၏ ခမရ(၃၀၇)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာမှ အသက် ၄၈ နှစ်အရွယ် ဦးစိန်လှသေဆုံးပြီး အသက် ၆၀ အရွယ် ဦးသိန်းလွင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်သန်းရွှေနှင့် အသက်ငါးနှစ်အရွယ် မောင် အာကာတို့ ဒဏ်ရာရခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ငါးရက်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ် မှုနှင့် ဒရုန်းဖြင့်ဗုံးကြဲမှုတို့ကြောင့် KNU တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်၊ လက်တက်ကြီးကျေးရွာမှ နေအိမ် နှစ်လုံး၊ မြက်နီကွင်းကျေးရွာမှ နေအိမ်နှစ်လုံးနှင့် စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့ရကြောင်း KNU က ဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲပိုင်းတွင် KNU တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်အတွင်းသို့ စစ်ကောင် စီက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထီးဝါးထာကျေးရွာမှ ဘာသာရေးအဆောက်အဦ တလုံးနှင့် နေအိမ်လေးလုံးပျက်စီးခဲ့ရကြောင်းလည်း သိရသည်။

စာတည်း။ ။စောဖေ