ထိုင်ဝမ်ထိန်းချုပ်ထားသော ကင်မင်ကျွန်းစုအနီးတွင် တရုတ် ကင်းလှည့် မှုများ ပြုလုပ်

ပုံစာ - တရုတ်ကမ်းခြေစောင့်တပ်မှ တပ်သားတဦးက ကင်းလှည့်သင်္ဘောကို ကြည့်နေစဉ်။

ပုံစာ – တရုတ်ကမ်းခြေစောင့်တပ်မှ တပ်သားတဦးက ကင်းလှည့်သင်္ဘောကို ကြည့်နေစဉ်။

Devdiscourse

ထိုင်ဝမ်ထိန်းချုပ်ထားသော ကင်မင်ကျွန်းစုတဝိုက်ရှိ ရေပြင်တွင် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်ဖူ့ကျန့်ကမ်းခြေစောင့်တပ်ဖွဲ့က “အရေးကြီးသည့် ဧရိယာများတွင် တရားဥပဒေစိုးမိုးမှုအားကောင်းစေရန် စစ်ဆေးခြင်း၊ သက်ဆိုင်ရာ ပင်လယ်ပြင်ဧရိယာများတွင် လှုပ်ရှားမှုများ စည်းကမ်းတကျ ရှိစေရန်နှင့် တံငါသည်များ၏ အသက်နှင့် အိုးအိမ်လုံခြုံမှု ရှိစေရန်” ကင်းလှည့်မှုများကို ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသွားသော တရုတ်ငါးဖမ်းသမားများ၏ မိသားစုများနှင့် ထိုင်ဝမ်ကမ်းခြေစောင့်တပ်တို့ ကင်မင်တွင် တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်နေစဉ် ယင်းကင်းလှည့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ ရက်က ကျွန်းစုအနီးတွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်၏ လိုက်ဖမ်းမှုကြောင့် လှေနစ်မြုပ်သွားသဖြင့် ငါးဖမ်းသမားများ သေဆုံးသွား ခဲ့သည်။

သေဆုံးမှုအတွက် ထိုင်ဝမ်အာဏာပိုင်များကို တရုတ်က အပြစ်တင်ခဲ့သည်။

ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့က တောင်းပန်ခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း ထိုင်ဝမ်သတင်းက ဖော်ပြခဲ့သည်။

ကွယ်လွန်သွားသူများ၏ မိသားစုများနှင့် ထိုင်ဝမ်အာဏာပိုင်များအကြား တွေ့ဆုံမှုများကို လာမည့်ရက်များအတွင်း ဆက်လက်ပြုလုပ်နိုင်သည်။

ဖေဖော်ဝါရီလ ၂၄ ရက် အစောပိုင်းတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် ရေလက်ကြားဖြတ်ကျော် ပြဿနာများကို ငြိမ်းချမ်း စွာဖြေရှင်းရန် တောင်းဆိုခဲ့သည်။

တရုတ်၏ စျေးကွက်နှင့် မကိုက်ညီသည့် မူဝါဒများနှင့် အလေ့အကျင့်များ ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှု များကို ဖြေရှင်းရန် နှစ်ဖက်စလုံးက ကြိုးပမ်းခဲ့ကြသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၆ နာရီမှ ၂၃ ရက် နံနက် ၆ နာရီအထိ ထိုင်ဝမ်အနီးအနားတွင် တရုတ်စစ်လေယာဉ် ၁၁ စင်းနှင့် ရေတပ်သင်္ဘော ခြောက်စင်းတို့ကို တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန (MND) က ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ လေယာဉ် ၁၁ စင်း အနက် တစင်းသည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင်ဘက်ထောင့်ရှိ ထိုင်ဝမ် ရေလက်ကြား အလယ်တန်း မျဉ်းကို ဖြတ်ကျော်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ နောက်လေယာဉ်တစင်းသည် ADIZ ၏ အနောက်တောင်ဘက် ဘက်သို့ ဝင်ရောက်ခဲ့သည်။