နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၇ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

  • ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးသော NCO အကြပ်သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို မေလ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
  • ကရင်နီစစ်​ဒေသ ​ဘောလခဲခရိုင်၊ဖား​ဆောင်းပြည်သူ့ကာကွယ်​ရေးတပ်( PPDF) ၏ ​အပတ်စဥ် ၁၀ စစ်သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
  • စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်း အောက်သို့ ကျရောက် မွဲတေလာပြီး လူလတ်တန်းစားများ တဖြည်းဖြည်း ပျောက်ကွယ်လာဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံ အမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုလိုက်သည်။
  • မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်တော့ မည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်မှု၊ တရားမျှတမှု၊တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ရေး အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲတော့ မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် အသိပေးပြောဆိုထားသည်။
  • ကိုရီးယားနိုင်ငံမှာ ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းမှ ပြုလုပ်သည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အခမ်းအနားကို မေ ၁၆ ရက်ကို ပြုလုပ်ခဲ့ရာ “မြန်မာ့အရေး ရုပ်ရှင်ပြပွဲ” အပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မိန့်ခွန်းပြောကြားခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၁၆/၂၀၂၄) ကို မေ ၁၆ ရက် နံနက် ၁၀ နာရီမှာ ပြုလုပ် ခဲ့ကြသည်။
  • ကရင်ပြည်နယ်၊ မြဝတီနှင့် ဖာပွန်မြို့နယ်တွင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်ကောင်စီ ဘက်မှ ၄၃၀ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေး  ဝန်ကြီးဌာန (MOD) တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးက ယမန်နေ့ (မေလ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။ 
  • တော်လှန်ရေး လှုပ်ရှားမှုများ
  • ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ပါလက်ပ်စကီတက္ကသိုလ်တွင် မြန်မာ့ရေးရာ လေ့လာမှုဌာနတစ်ခုဖွင့်လှစ်လိုက်ပြီး မြန်မာ့အရေး ပညာရပ်ဆိုင်ရာ သုတေသနနှင့် ပညာရေးလုပ်ငန်းများကို မြှင့်တင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါ ဌာနက ပြောဆိုသည်။
  • စစ်ရာဇ၀တ်မှုများ ကျုးလွန်နေသည့် စစ်ကောင်စီတပ်ကို အိန္ဒိယအစိုးရမှ စစ်ဘက်ဆိုင်ရာ လေ့ကျင့် ရေး သင်တန်း‌များပေးခြင်း၊ လက်နက်ပစ္စည်းနှင့် လောင်စာဆီထောက်ပံ့ခြင်းများ ချက်ချင်းရပ်တန့်ရန် Justic for Myanmar (JFM)က မေလ ၁၆ ရက်နေ့က တောင်းဆိုလိုက်သည်။
  • မကွေးတိုင်း၊ ဂန့်ဂေါ်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံနှစ်ဦးကို သတ်ဖြတ်ပြီး လူနေအိမ်ခြေ ၃၀၀ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများနှင့် YDF တပ်ဖွဲ့ထံက သိရသည်။
  • မြန်မာပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်အုပ်စု၏ ဖိနှိပ်အကြမ်းဖက်မှုများတွင် တရုတ်နိုင်ငံ ပိုင်ကုမ္ပဏီ Sinotruk ထုတ် ထရပ်ကားများနှင့် အကြမ်းဖက်စစ်တပ်၏ စစ်သည်၊ လက်နက်၊ ဆက်စပ် ပစ္စည်းများကို နိုင်ငံအနှံ့ သယ်ယူပို့ဆောင်ပေးနေကြောင်း C4ADS နှင့် Justice For Myanmar -JFM တို့ ပူးတွဲထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် PDF တပ်ဖွဲ့​၏ ထုတ်လုပ်ရေးစခန်းနှင့် ရှေ့ထွက်ကင်းစခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။
  • စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်က စစ်မှုထမ်း ဥပဒေကို အလိုမရှိသပိတ်မှောက်ခဲ့ကြကြောင်း သိရှိရသည်။
  • ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ မေလ၁၇ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ကချင်ပြည်သူ့ လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်သွားသည့်အပေါ် များစွာ ဝမ်းနည်းကြောင်း ပြည်သူ့ဂုဏ်ရည် အသင်းက ယနေ့ (မေလ ၁၇ရက်)ထုတ်ပြန်လိုက်ပြီး KIAစစ်ဦးစီးချုပ်ကွယ်လွန်ခြင်းသည် တော်လှန်ရေးအတွက်လည်း ကြီးမားသောဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။
  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်း ကွယ်လွန်ခဲ့ခြင်း အပေါ် ဝမ်းနည်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က သဝဏ်လွှာပေးပို့ခဲ့ရာ တန်ဖိုးရှိသော ပြည်ထောင်စု ခေါင်းဆောင်တဦး ဆုံးရှုံးရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

စစ်ကောင်စီ

  • ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် ( ၅၄ ) အမှု နှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်မှုတက်ထားခြင်းကို စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းတရားရုံးက ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က ပယ်ချခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံက သိရသည်။
  • မြန်မာပြည်မြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်က ဆက်လက်ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေလ ၁၆ ရက်၊နေ့က သတင်းစာရှင်းလင်းပွဲ ပြောကြားခဲ့သည်။
  • ခွင့်ပြုထားတဲ့ Money Changer လိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းသည့် ငွေလဲကောင်တာများကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
  • ဘော်လီဘောအားကစားသမားများ ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရန်၊ နိုင်ငံ့ လက်ရွေးစင် မျိုးဆက်သစ်အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ဘော်လီဘောအား က စားအဆင့်အ တန်း ပိုမိုတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ ဘော်လီဘောပပြိုင်ပွဲပြုလုပ် ရခြင်းဖြစ်ကြောင်း  စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မေ  ၁၇ ရက် သုံးသပ်ချက်

တရုတ်က မြောက်ပိုင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်းများတွင် ဆက်လက်ပံ့ပို့းကူညီမည်ဟု ဆိုထားခြင်းကြောင့် မြန််မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်မည်ဟု ပြောလိုက်ခြင်းဖြစ်သကဲ့သို့ ဘက်လိုက်သည့် ဒိုင်ကို ပြိုင်ပွဲကြီးကြပ်သည့် သဘောမျိုးများ တရုတ်က ပြုလုပ်လာနိုင်ဖွယ်ရှိသည်။