ရုပ်သံဖိုင် အဟောင်းကို အသုံးပြုပြီး ဖြန့်ဝေနေတဲ့ AA အကြောင်း သတင်းတု|Misinformation Buster S3|Ep.106

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်မှာတော့

– စလင်းမှာ လေယာဉ်ပျက်ကျသွားခဲ့ပေမယ့် ပွင့်ဖြူမှာတော့ လေယာဉ်ပျက်ကျတာမရှိအကြောင်း

– ရုပ်သံဖိုင် အဟောင်းကို ထပ်ခါထပ်ခါ အသုံးပြုပြီး ဖြန့်ဝေနေတဲ့ AA အကြောင်း သတင်းတု နဲ့

– မတ်လအတွင်း ပျံ့နှံ့လာနိုင်ချေရှိတဲ့ သတင်းမှားတွေ စတဲ့ တပတ်အတွင်းမှာ စိစစ်ပြုစုထားတဲ့ အချက်အလက်တွေကို စုစည်းတင်ဆက်ပေးသွားမှာပါ။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်  ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။