မြန်မာလူငယ်အချို့ ထိုင်းစာနဲ့ ထိုင်းစကား သင်ယူလေ့လာမှု ပိုများလာ (ရုပ်သံ)

ကိုရွှေမြိတ်

မဇ္ဈိမ။ ။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပထွက်လာသူတွေ များလာနေသလို အိမ်နီးချင်း ထိုင်းနိုင်ငံဖက်ကိုလည်း အများအပြား ထွက်ခွာနေကြပါတယ်။

မကြာသေးမီက စစ်ကောင်စီက ပြန်ဋ္ဌာန်းလိုက်တဲ့ စစ်မှုထမ်း ဥပဒေကြောင့် မြန်မာလူငယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဖက်ကို ပိုမိုဝင်ရောက်လာသလို ဘာသာစကား အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် ထိုင်းစာနဲ့ ထိုင်းစကားပြော သင်တန်းတွေကို အရင်ထက် ပိုပြီး သင်ယူနေကြတယ်လို့ ထိုင်း-မြန်မာ နယ်စပ်ရေးရာ ဆက်ဆံရေး ကော်မတီဝင် တဦးဖြစ်တဲ့ ရနောင်းမြို့ ရာချာဖတ် တက္ကသိုလ်က ထိုင်းဘာသာစကား သင်တန်းဆရာ ဦးထင်လင်းဆွေက အခုလို ပြောပါတယ်။

သတင်း။ တင်ဆက်/တည်းဖြတ်>>>> ကိုရွှေမြိတ်