စစ်ကောင်စီကို ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ယူကေနိုင်ငံခြားရေးဝန်ကြီးအား ဆန္ဒပြတောင်းဆို

ကိုခင်မောင်

(မဇ္စျိမ) ။ ။ အာဏာသိမ်းစစ်ကောင်စီတပ်ကို ပိတ်ဆို့ဒဏ်ခတ်အရေးယူပေးရန်အတွက် ယူကေနိုင်ငံခြားရေးဝန်းကြီး David Cameron ကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မတ်လ ၁၃ ရက်မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ (ဖုန်းမော်နေ့)မှာ Stars of Myanmar Friendship အဖွဲ့ကနေ ဦးဆောင်ပြီး ယူကေ နိုင်ငံခြားရေးရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုတွေ အရှိန်မြှင့်တင်ရေးအပါအဝင် အချက် လေးချက်ကို တောင်းဆိုခဲ့တာလို့ ဦးဆောင်သူ တဦးဖြစ်တဲ့ မဂျူလီခိုင်ကပြောပါတယ်။

သတင်း/တင်ဆက်= Kim Mung

တည်းဖြတ်= Thant Sin