အာဏာရှင်တော်လှန်ကြတဲ့ တံတားနီနေ့

(မဇ္ဈိမ)။ ။ဒီကနေ့ မတ်လ ၁၆ ရက်နေ့ဟာ ကျောင်းသားလူငယ်တွေ ရိုက်နှက်ဖြိုခွင်းခံခဲ့ရတဲ့ တံတားနီအရေးအခင်း (၃၆ )နှစ်မြောက်နေ့ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသားထောင်ပေါင်းများစွာစုရုံးပြီး မဆလအစိုးရရဲ့ လုပ်ရပ်‌တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မဆလအစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့အတူ ပြည်လမ်းတလျှောက် ရန်ကုန်စက်မှုတက္ကသိုလ် RIT ကိုချီတက်လာခဲ့ကြချိန်မှာ ရိုက်နှက်ဖြိုခွင်းခံခဲ့ရတာဖြစ်ပါတယ်။

အင်းလျားလမ်းနဲ့ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်အနီးမှာ ရိုက်နှက် သတ်ဖြတ်ခံခဲ့ရတဲ့ကျောင်းသား၊ကျောင်းသူတွေရဲ့ သွေးတွေဖုံးလွှမ်းခဲ့လို့ တံတားနီအရေးအခင်းလို့ ခေါ်ခဲ့ကြတာပါ။

တံတားနီအရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားနဲ့ ဒီအရေးအခင်းမှာကြုံတွေ့လိုက်ရသူတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

သတင်း/တည်းဖြတ်-ရွှေနွယ်၊ဂျူချန်း