ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်နှင့် ဆက်သွယ်မေးမြန်း ချက်

လူထုက ကိုယ်လိုချင်တာကိုတောင်းဆိုနေသလို ကိုယ်ဖြစ်စေချင်တာကို ပဲ့ပြင်လိုတဲ့ စိတ်နဲ့ သပိတ်တိုက်ပွဲတွေဆက်လက်ဆင်နွှဲနေပါတယ်”

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်းထားတဲ့ ရွာပေါင်းစုံသပိတ်ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ၂၀၂၁ခုနှစ် မတ်လ၉ရက်နေ့က စတင်ခဲ့ရာ သုံး နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

အခုလိုကာလရှည်ဆန္ဒပြခဲ့တဲ့အပေါ် အခက်အခဲ ၊ အကျိုးဆက်နဲ့ စစ်အာဏာရှင် တိုက်ပွဲအတွင်း လူထုသပိတ်ရဲ့ အရေးပါပုံများကို ရွာပေါင်းစုံသပိတ်ဦးဆောင်သူ တဦးဖြစ်တဲ့ ဒေါ်နွယ်နွယ်မိုးကို မဇ္စျိမ က ဆက်သွယ်မေးမြန်းထားပါတယ်။