မြန်မာမှာ စစ်ဘေးဒုက္ခသည် ၃သန်းခန့်ရှိလာ

မိုးသောက်/မဲဆောက်(မဇ္ဈိမ)

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူဦးရေ ၂.၈သန်းကျော်အထိရှိနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) မတ်လ၂၁ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အထဲမှာ သက်ကြီးရွယ်အိုတွေနဲ့အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်းအမြောက်အများပါဝင်နေပါတယ်။၂၀၁၄ခုနှစ်က နောက်ဆုံးကောက်ခံထားတဲ့ သန်းကောင်စာရင်းအရ စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၄၉ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ လူသုံးသန်းနီးပါးလောက်က နေရပ်စွန့်ခွာထွက်ပြေးနေကြရတာဖြစ်ပါတယ်။

လက်ရှိမှာ‌တော့ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးဒုက္ခသည်ဦးရေ တိုးလာနေတယ်လို့ သိရပါတယ်။

တည်းဖြတ်/တင်ဆက် – မိုးသောက်