တရုတ်စီးပွားရေး မတည်ငြိမ်မှုကို အမျိုးသားပြည်သူ့ကွန်ဂရက်တွင် ထုတ်ဖော်ပြောကြား

Premier Li Qiang

European Times

မကြာသေးမီက ကျင်းပခဲ့သော တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက်တွင် စီးပွားရေး မပြေလည်မှုများ နှင့် ပတ်သက်၍ ဝန်ကြီးချုပ် လီ ၏ လုပ်ငန်းအစီရင်ခံစာ ထွက်ပေါ်လာသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး နိုင်ငံကို ခြိမ်းခြောက်နေသည့် ပြည်တွင်း စီးပွားရေး မတည်ငြိမ်မှုများ နှင့် ပြည်ပခြိမ်းခြောက်မှုများကို သိသာစွာ ဖော်ထုတ်နိုင်ခဲ့ခြင်းမရှိပေ။

ဒေသန္တရ အစိုးရများ ၏ များပြားလှသော ကြွေးမြီဝန်ထုပ်ဝန်ပိုးများ၊ စားသုံးမှု နှင့် အချိုးမညီသော စက်မှုလုပ်ငန်းများ နှင့် လူဦးရေ ကျဆင်းမှုများသည် စီးပွားရေး တိုးတက်မှုများကို အဟန့်အတားဖြစ်စေကြောင်း ဝန်ကြီးချုပ် လီ က တင်ပြသည်။

တရုတ် သည် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ အလျှင်အမြန် ရောက်ရှိခဲ့ခြင်းနှင့် နိုင်ငံသားများ၏ ဘဝအရည်အသွေး မြင့်မားရေး မျှော်မှန်းချက် ကြီးထွားမှုသည် ကွဲလွဲနေကြောင်း အဓိက စိန်ခေါ်မှု တရပ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် က တွေ့ရှိခဲ့သည်။

ပြင်ဆင်ထားသော မူဝါဒစာရွက်စာတမ်းများ၊ အရေးပေါ် တောင်းဆိုချက်များ နှင့် အတူ စီးပွားရေး တိုးတက်မှုနှင့် လူမှုဘဝ တိုးတက်မှုကို လိုက်လျောညီထွေ ဖြစ်ရန် ရည်ရွယ်သော ပြုပြင်ပြောင်းလည်းမှု များ နောက်ကျခဲ့ကြောင်း အသိအမှတ်ပြုခဲ့ပြီး လက်ရှိ မူဝါဒများသည် ဆိုးဝါးစွာ မှားယွင်းခဲ့ကြောင်း ဝန်ကြီးချုပ် လီ က တိတ်တဆိတ် ဝန်ခံခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ၏ စီးပွားရေး အယူအဆကို အချိန် ကြာမြင့်စွာ လက်ခံခဲ့ခြင်းသည် မတည်ငြိမ်မှုကို ဆက်လက် ဖြစ်ပေါ်စေပြီး ပြည်သူများ၏ မကျေနပ်မှုကို လှုံ့ဆော်ပေးရာရောက်သည်။

တရုတ်တွင် အလုပ်အကိုင် အကျပ်အတည်းသည် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး ဘွဲ့ရလူငယ် ၁၁ ဒသမ ၇ သန်းမှာ အလုပ်လက်မဲ့ ဖြစ်နေကြသည်။ ယင်း မှာ တီထွင်ဆန်းသစ်မှုနှင့် ကုန်ထုတ်စွမ်းအားများ အတွက် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ်ကို ဖျက်စီးခြင်း ဖြစ်ပြီး လူမှုရေး မတည်ငြိမ်မှုကို နှင့် လူဦးရေ စာရင်း ကို လွှမ်းမိုးသက်ရောက်စေသည်။ ကလေးပြုစုပျိုးထောင်မှု စရိတ် မြင့်တက်လာခြင်းကြောင့် မွေးဖွားနှုန်းကျဆင်းနေပြီး လူဦးရေ အကျပ်အတည်းနှင့် အတူ တရုတ်၏ ခိုင်မာသော ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးအခြေအနေ ကို ဆက်ထိန်းထားရန် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ် ရှားပါးလာမှုနှင့် ရင်ဆိုင်နေရသည်။

အစစ်အမှန်မဟုတ်သော ကာလတို ဖွံ့ဖြိုးတိုးတက်မှု ထက် ဘဏ္ဍာရေးနှင့် ငွေကြေး ကိစ္စများတွင် အကျင့်စာရိတ္တဆိုင်ရာ ဆိုးကျိုးများ မဖြစ်ပေါ်စေရေး စနစ်တကျ လုပ်ဆောင်ရန်နှင့် မညီမျှမှုများကို ‌ရှောင်ရှားလုပ်ဆောင်မည် ဖြစ်ကြောင်း လီက ကတိပြုခဲ့သည်။

သို့သော် စနစ်မကျသော အသုံးစရိတ်များ၊ မအောင်မြင်သော စီမံကိန်များနှင့် အမြစ်တွယ်နေသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး လှုံ့ဆော်မှုများသည် ဆယ် စုနှစ် တခုကြာ အတွင်း ပြတ်ပြတ်သားသား ပျောက်ကွယ်သွားခြင်းမရှိပေ။ အကျင့်ပျက်ခြစားမှု၊ ရာထူးနေရာ ဖက်တွယ်သော အမူအကျင့်များ၊ လာဘ်လာဘ မျှော်ကိုးသည့် ယဉ်ကျေးမှုသည် ပါတီ အဆင့်များအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲ ဖြစ်ပြီး စီးပွားရေး တက်ကြွမှုနှင့် လူထု ယုံကြည်မှုကို ပျက်ပြားစေသည်။

မလိုလားအပ်သော စည်းမျဉ်း အတားအဆီးများ၊ မူဝါဒ ဆိုင်ရာ လိုက်လျောညီထွေ မဖြစ်ခြင်း၊ ပုဂ္ဂလိကကဏ္ဍ ၏ ယုံကြည်မှု ပျက်စီးခြင်း နှင့် အတူ ခိုင်မာသော ပြုပြင်ပြောင်းလည်းမှု ကင်းမဲ့ခဲ့ပြီး ရှုပ်ထွေးသော အခြေအနေ သို့ ရောက်ရှိခဲ့သည်။ ရှီ ၏ တင်းကျပ်၍ အာဏာရှင်ဆန်သော ချုပ်ကိုင်မှုအောက်တွင် ကြံ့ကြံ့ခံနေကြရသော ပုဂ္ဂလိကလုပ်ငန်းများကို ပြန်လည်အာမခံပေးနိုင်ရန် ဥပဒေအသစ် အတည်ပြုပြဋ္ဌာန်းရန် အရေးကြီးသည်။

သို့သော် တရုတ်သည် ချမ်းသားကြွယ်ဝမှုနှင့်အရင်းအမြစ်များကို အခြေခံ၍ ပို့ကုန်ဦးစားပေး ဆိုင်ရာ မူဝါဒများ၊ အင်ဒို-ပစိဖိတ်ဒေသတစ်ဝှမ်းတွင် အင်အားပြိုင်ဆိုင်မှု ခန့်မှန်းချက်များနှင့် ကမ္ဘာလုံးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လှုံ့ဆော်ပေးပြီး အကာအကွယ်ပေးရေးဆိုင်ရာ တုံ့ပြန်မှုများ နှင့် စီးပွားရေး ပွင့်လင်းမြင်သာမှုကို လျစ်လျူရှုထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် “ပွင့်လင်းမြင်သာသော စျေးကွက်နှင့် ဥပဒေ ကို အခြေခံ” သော “ထူးခြားသည့် တရုတ်အသွင်အပြင်ကို အခြေပြု” သည့် စီးပွားရေးလမ်းကြောင်း အားလုံးသည် လီ ၏ ကတိကဝတ်များ နှင့် ကွဲလွဲနေသည်။

တရုတ် ၏ ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ မျှော်မှန်းချက်များ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဦးဆောင်ပြုပြင်ပြောင်းလဲမှုများမှ နိုင်ငံတကာ ငွေလဲနှုန်းပုံသေသတ်မှတ်ခြင်း စနစ်အား အစားထိုးခြင်း အထိ စည်းမျဉ်းများနှင့် စံနှုန်းများကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားမှုသည် တရုတ်၏ ဥက္ကာပျံပျံတက်မှုကို တွန်းအားပေးခဲ့သည့် ပထမဆုံးသော လစ်ဘရယ်စီးပွားရေးအစီအစဉ်ကို ဖောက်ဖျက်ခဲ့သည်။ ၎င်း၏ ကြိုးပမ်းမှုမှာ ဆန်စပါး အရန်ငွေမှ အချက်အလက်လုံခြုံရေးနှင့် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်မှုအထိ မဟာဗျူဟာမြောက် နယ်ပယ်များတစ်လျှောက် မိမိကိုယ်ကို မှီခိုအားထားမှုကို ရှာဖွေခြင်းသည် နိုင်ငံတကာနှင့် စီးပွားရေး အပြန်အလှန်မှီခိုမှုအပေါ် ခိုင်မာသော ကတိကဝတ် ကို လျှော့ချလိုက်ခြင်း ဖြစ်သည်။

တရုတ်၏ ထွန်းကားနေသော အစိမ်းရောင်နည်းပညာများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍ စံပြုမှုတွင် ကမ္ဘာ့ရာသီဥတုဆိုင်ရာ အုပ်ချုပ်မှုနယ်ပယ်တစ်လျှောက် လွှမ်းမိုးထားခဲ့သော်လည်း ၎င်း ၏ ဆိုးရွားသော စံချိန်စံညွှန်းများနှင့် တာဝန်ခံမှုဆိုင်ရာ မှတ်တမ်းများကို တွေ့မြင်ရသည်။

“အစိမ်းရောင်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် နိုင်ငံတကာအပြန်အလှန်အသိအမှတ်ပြုမှု” ကို မြှင့်တင်ရန် လီ ၏ တောင်းဆိုမှုသည် သဘာဝပတ်ဝန်းကျင်ထိန်းကျောင်းမှုအောက်တွင် တရုတ်နည်းပညာဆိုင်ရာ သြဇာလွှမ်းမိုးမှုကို အလေးအနက်ထားလိုသော ဆန္ဒတခုဖြစ်သည်။

ဝန်ကြီးချုပ် လီ ၏ လုပ်ငန်းအစီရင်ခံစာသည် စီးပွားရေးစိန်ခေါ်မှုများကို ရှင်းလင်းဖော်ပြရာတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ လွန်ခဲ့သည့်ဆယ်စုနှစ်များ အတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ ကပ်ဘေးစီးပွားရေး ထိန်းကျောင်းမှုအပေါ် မိမိကိုယ်ကို အပြစ်တင်ထားသည်။ အစီရင်ခံစာသည် ဖွဲ့စည်းပုံဆိုင်ရာ ချို့ယွင်းချက်များ၊ လူဦးရေဆိုင်ရာ ဖိအားများနှင့် ပါတီ ၏ ကိုယ်ပိုင်ဖန်တီးထားသော လူမှုစီးပွားမညီမျှမှုများကို ဖုံးကွယ်ထားခြင်းဖြင့် တရုတ် ၏ စိတ်ကူးယဉ်ဆန်မှုများနှင့် လက်တွေ့မကျသော မူဝါဒချမှတ်ရေးယန္တရားကို ထုတ်ဖော်ပြသသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးသည် များပြားလှသော ပြည်တွင်းရေးကွဲလွဲမှုများ၊ မျှော်လင့်မထားသော ပြင်ပမှ ထိုးနှက်မှုများ နှင့် ပြည့်နှက်နေပြီး ၎င်း၏ အာဏာရှင်အုပ်ချုပ်ရေးကို ဆက်လက်ထိန်းသိမ်းထားလိုသော ခိုင်မာသည့် သန္နိဋ္ဌာန်သည် ကမ္ဘာ့စံချိန်စံညွှန်းများနှင့် လစ်ဘရယ် အဖွဲ့အစည်းဆိုင်ရာ မူဘောင်များကို ကျော်လွန်၍ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများနှင့် ကြုံတွေ့ရပေလိမ့်မည်။

ကွန်မြူနစ်ပါတီသည် ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများကို လက်ခံရန် ခေါင်းမာစွာ ငြင်းဆိုခြင်းသည် ၎င်း၏ စီးပွားရေးပုံစံကို တကမ္ဘာလုံးက လက်ခံထားသော လစ်ဘရယ် စည်းမျဉ်းများနှင့် ချိန်ညှိခြင်းမှာ ၎င်း၏ အုပ်ချုပ်ရေးအာဏာကိုသာမက အင်ဒို-ပစိဖိတ်ဒေသ၏ စုပေါင်းချမ်းသာမှုနှင့် လုံခြုံရေးကိုပါ ထိခိုက်စေသည့် ကြီးမားသော အားနည်းချက်တခု ဖြစ်လာခဲ့သည်။