မိုးနဲ့လေပြင်းဘေးကြောင့် အကူအညီတွေပိုလိုအပ်လာတဲ့ ကရင်နီစစ်ဘေးရှောင်များ

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်၊ဒီးမော့ဆိုအပါအဝင် မြို့နယ်အချို့မှာ မနေ့ကမတ်လ ၂၁ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းတွေမှာ ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲကြုံခဲ့ရပါတယ်။

ကရင်နီပြည်နယ်မှာ စုစုပေါင်း စစ်ဘေးရှောင်နေရသူဦးရေ သုံးသိန်းခန့်ရှိနေပြီး ရှေ့လာမယ့်ကာလမှာ ကြုံတွေ့ရနိုင်တဲ့ မိုးသက်လေပြင်းဘေးအန္တရာယ်ကို စိုးရိမ်နေကြပါတယ်။

လက်ရှိရာသီဥတုအခြေအနေအရ မိုးနဲ့လေပြင်း ဘေးကို ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန(MOHADM)ကသတိပေးထားပါတယ်။

သတင်းတင်ဆက်/တည်းဖြတ် – ဂျူချန်း