လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ပြုမူသည်ဟု စွပ်စွဲချက်အဖြစ်အပျက်နောက် | Exclusive Interview

လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ပြုမူသည်ဟု စွပ်စွဲချက်အဖြစ်အပျက်နောက် ဝန်ထမ်းများကို ရာထူးမှရပ်နားခဲ့မှုနှင့်ပတ်သက်၍ ဆလိုင်းအိုက်ဇက်ခင် တုံ့ပြန်ချက်

လိင်ပိုင်းဆိုင်ရာ စိတ်အနှောက်အယှက်ဖြစ်စေမှုကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်အဖြစ်အပျက်နောက်တွင် တိုင်တန်းသူကာယကံရှင်အမျိုးသမီးအပါအဝင် ဝန်ထမ်းများကို ရာထူးမှရပ်နားခဲ့မှု နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အိန္ဒိယနိုင်ငံရုံးကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို မဇ္ဈိမ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက Mizzima Exclusive Interview အစီအစဉ်တွင် မေးမြန်းထားသည်။