အမျိုးသမီးတွေ လျှောက်သင့်တဲ့ ပညာသင်ဆု

ဂျူချန်း

(မဇ္ဈိမ)။ ။ ယူကေအစိုးရကနေ အာဆီယံနိုင်ငံက အမျိုးသမီးလို့ ခံယူထားတဲ့သူတွေကိုပဲ ပေးတဲ့ ပညာသင်ဆုအစီစဉ်တခု ရှိပါတယ်။

STEM လို့ခေါ်တဲ့ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နဲ့ သင်္ချာဘာသာရပ် နယ်ပယ်တွေက ဘွဲ့တခုခုရရှိပြီးတဲ့ အမျိုးသမီးတွေကို ပေးတဲ့ပညာသင်ဆုပါ။ အဲ့ဒီပညာသင်ဆုဟာ Bristol University၊ University of Warwick နဲ့ Imperial College ဆိုတဲ့ ယူကေက တက္ကသိုလ်သုံးခုနဲ့ ချိတ်ဆက်ထားပြီး ပညာသင်ဆု ရတဲ့သူဟာ ကျောင်းလခ၊ နေထိုင်စရိတ်အပါအဝင် ၁၂ လစာ ထောက်ပံ့ကြေး၊ ဗီဇာနဲ့ ကျန်းမာရေးအာမခံ၊ IELTS စာမေးပွဲကြေး၊ ခရီးအသွားအပြန်စရိတ်တွေကို ထောက်ပံ့ပေးမှာပဲ ဖြစ်ပါတယ်။

ယူကေအစိုးရနဲ့ အာဆီယံတို့ ပူးတွဲလုပ်ဆောင်နေတဲ့ ASEAN – UK SAGE (Supporting the Advancement of Girls’ Education) ပရိုဂရမ်မှာ ကျား/မ တန်းတူရေးအရ STEM နယ်ပယ်ထဲက အမျိုးသမီးတွေရဲ့ အရည်အချင်းကို မြှင့်တင်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီပညာသင်ဆုကို ပေးတာဖြစ်တယ်လို့ သိရပါတယ်။

တင်ဆက်/တည်းဖြတ်-ဂျူချန်း