ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အထူးစစ်ဆင်ရေးသင်တန်း ပြီးစီး

ဓာတ်ပုံ - SSTF-People's Polic

မဇ္ဈိမ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီမှ အကြမ်းဖက်မှုနှိမ်နှင်းတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အထူးတာဝန်ပေးဆောင်ရွက်ရမည့် ပြည်သူ့ရဲတပ်ဖွဲ့ (SSTF) မှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များအား အထူးစစ်ဆင်ရေးသင်တန်းပေးခြင်း အောင်မြင်စွာပြီးဆုံးခဲ့သည်။

သုံးလကြာ လေ့ကျင့်ခဲ့သည့် ထိုသင်တန်းပြီးစီးကြောင်း သင်တန်းဆွဲပွဲကို မတ်လ ၁၈ ရက်နေ့တွင် မြောက်ပိုင်းစစ်ဒေသ လွတ်မြောက်နယ်မြေ တနေရာ၌ ပြုလုပ်ခဲ့ကြောင်း သင်တန်းနည်းပြအဖြစ် ပါဝင်ခဲ့သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) က ယနေ့တွင် ထုတ်ပြန်ထားသည်။

SOF မှ သင်တန်းနည်းပြများ၊ မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသားနည်းပြများနှင့် SSTF မှနည်းပြအကူများက လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ရဲချုပ်၊ ဒုရဲချုပ်နှင့် SSTF ဒုဌာနကြီးမှူးများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) မှ သင်တန်းနည်းပြများ တက်ရောက်ခဲ့သည်။

စာတည်း။ ။ နောင်နောင်