ကနီမြို့နယ်တွင် ဒေသခံအများအပြား စစ်ရှောင်နေရ

ကနီမြို့နယ်တွင် ဒေသခံအများအပြား စစ်ရှောင်နေရ

လွှမ်းမိုး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မတ်လ ၂ ရက်နေ့ကစပြီး ကနီမြို့နယ်ထဲက ဒေသခံအများအပြား စစ်ရှောင်နေကြရပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး တာနဲ့ လေကြောင်းသုံး တိုက်ခိုက်တာတွေကြောင့် ကနီမြို့နယ်အတွင်းက ရှမ်းမြောင်း ၊ ညောင်ပင်ဝန်း ၊ မင်းကုန်း ၊ တဇယ်ချောင် ၊ ပန်းဆိုင်း ၊ ငါးဖျတ် စတဲ့ ကျေးရွာတွေက ဒေသခံ ၁၀၀၀၀ ခန့် နေရပ်စွန့်ခွါ စစ်ရှောင်နေကြရတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-ရွှေနွယ်