မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီလူငယ်စွမ်းဆောင်ရည်မြှင့် သင်တန်းပို့ချ

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများက လူငယ်များကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မတ်လ ၂၉ ရက် နံနက်ပိုင်းအချိန်တွင် လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်း ပို့ချခဲ့ကြောင်း မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီထံမှ သိရသည်။

သင်တန်းတွင် မြန်မာ့တော်လှန်ရေး သမိုင်းကြောင်း မိတ်ဆက်၊ ဖက်ဒရယ် ဒီမိုကရေစီ မိတ်ဆက်၊ အခြေခံလူ့အခွင်ရေး သဘောတရားများ၊ ခေါင်းဆောင်မှုပညာအကြောင်းကို ရက်ရှည်သင်တန်း ပို့ချခဲ့သည်ဟု သင်တန်းပို့ချသူထံမှ သိရသည်။

“တော်လှန်ရေးကာလအတွင်းမှာ လူငယ်တွေရဲ့အခန်းကဏ္ဍ မြင့်တက်လာရေး၊ တော်လှန်ရေးမှာပိုမိုချိတ်ဆက် ပါဝင်နိုင်ရေးတို့ကို ရည်ရွယ်ပြီးစွမ်းဆောင်ရည်မြှင့်သင်တန်းတွေ ပို့ချတာပါ” ဟုသင်တန်းပို့ချသူ မချောစုစံက ဆိုသည်။

အဆိုပါ သင်တန်းကို မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် အမျိုးသမီး မဟာမိတ်အင်အားစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သင်တန်း တတ်ရောက်သူ လူငယ် ၅၀ ဦး ခန့်ရှိကြောင်း သိရသည်။

လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး မြောင်မြို့နယ်၊ ဝက်လက် မြို့နယ်နှင့် မုံရွာမြို့နယ်များတွင် သင်တန်းပို့ချပြီးဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ