ထိုင်း-မြန်မာ နယ်စပ် ခမောက်ကြီးတွင် ၂ဖက် ထိတွေ့တိုက်ပွဲပြင်းထန်

ပုံညွှန်း - စစ်ကောင်စီတပ်က ဥယျာဥ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ပုံ။

ပုံညွှန်း – စစ်ကောင်စီတပ်က ဥယျာဥ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ပုံ။

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ထိုင်း-မြန်မာ နယ်စပ် ဖြစ်သည့် ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ ဝိုင်းဒင်းကျေးရွာအနီးတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံသတင်း အရင်းမြစ်များထံမှ သိရသည်။

ပုံညွှန်း - စစ်ကောင်စီတပ်က ဥယျာဥ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ပုံ။

ခမောက်ကြီးမြို့ နမ္မသွန်ဒေသ၊ ပါကလပ်နယ်မြေသို့ အမှတ်( ၂၀ ) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ -၂၀) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့ဝင် အင်အား ၁၀၀ နီးပါး စစ်ကြောင်းထိုး ဝင်ရောက်လာရာမှ ကော့သောင်း ပကဖ၊ ဘုတ်ပြင်း ပကဖ၊ KTLA တို့ ပါဝင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းအထန်နေကြောင်း မြေပြင်ရှိ ပကဖရဲဘော်များထံမှ သိရသည်။

“တိုက်ပွဲကတော့ ဒီနေ့ မနက်တော့ နည်းနည်း ပြန်ငြိမ်နေတယ်၊ စစ်တပ်ဖက်ကတော့ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်နေတာမျိုးတော့ လုပ်နေတယ်၊ လက်နက်ချဖို့ ကျွန်တော်တို့က တောင်းဆိုထားပေမယ့် မချဘဲ ဆက်ပစ်နေတယ်”ဟု စစ်မြေပြင်က ပြည်သူ့ကာကွယ်ရေး ရဲဘော် တဦးက ပြော သည်။

ပုံညွှန်း - စစ်ကောင်စီတပ်က ဥယျာဥ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ပုံ။

လက်ရှိ နှစ်ဖက် ထိတွေ့တိုက်ပွဲတွင် စစ်ရေးတင်းမာနေ၍ ထိခိုက်ကျဆုံးမှုကိုမူ အသေးစိတ် သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီဘက်ကမူ ထိခိုက်ကျရှုံးမှုများ ရှိနေကြောင်း ၎င်းကဆိုသည်။

ထိုသို့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများ ရှိနေတာကြောင့် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ဝိုင်ဒင်းကျေးရွာအုပ်စုရှိ လမ်းတလျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့က ဥယျာဉ်ခြံမြေ ဧက ၁၀၀ နီးပါးနှင့် နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“ဒီကောင်တွေ စစ်တပ်က တော်တော် ယုတ်မာတာပဲ၊ စစ်ရေး ပစ်မှတ်နဲ့ မဆိုင်တဲ့ဟာတွေကို မီးရှို့ဖျက်ဆီးသွားတယ်၊ ကျွန်တော်တို့လည်း ဒီကောင်တွေ လုပ်နေတာကို ထိုင်းဖက်ကနေ ဒီအတိုင်း ထိုင်ကြည့်နေရတယ်”ဟု မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ဥယျာဉ်ခြံပိုင်ရှင် တစ်ဦးက ပြောသည်။

ပုံညွှန်း - စစ်ကောင်စီတပ်က ဥယျာဥ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ပုံ။

စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးမှုကြောင့် ဥယျာဉ်ခြံမြေ ဧက ၁၀၀ ကျော်ထဲတွင် ရော်ဘာ၊ ဒူးရင်ပင်၊ ကော်ဖီ၊ ကွမ်းပင်နှင့် အခြားသော သီးပင် စားပင်များအပြင် နေအိမ် ငါးလုံးပါ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

ခမောက်ကြီးမြို့ ဝိုင်ဒင်းကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ထဲတွင် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံများ ထိုင်းဖက်ကို ထွက်ပြေးခဲ့သလို ပြည်သူ့ကာကွယ်ရေး ရဲဘော် ကိုးဦးလည်း စစ်ကောင်စီက အသေပစ်သတ်ခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)