နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၉ ဧပြီ ၂၀၂၄)

ပုံအညွှန်း- စစ်မှုထမ်းဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု

အမျိုးသားညီညွတ်ရေး အစိုးရ

  • အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီNUCCက ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ပဉ္စမနေ့ကို NUG နှင့် CRPH မတက်ရောက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီCRPHက အကြောင်းကြားစာပေးပို့လိုက်သည်။
  • ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဖွဲ့စည်းခြင်း (၃) နှစ်ပြည့်တွင် တရားဝင် Website ကို လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း  အသိပေးထုတ်ပြန်သည်။
  • မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြည်ထဲရေးဌာနရဲ့ ဌာနမှူးက ရေး-ထားဝယ် ပြည်ထောင်စုလမ်းပိုင်း အတွင်း ခရီးသွားပြည်သူများနှင့် လိုက်လံ တွေ့ဆုံခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီက အသိပေး ထုတ်ပြန်သည်။
  • တိုက်ပွဲအတွေ့အကြုံလိုအပ်ချက်များပေါင်းစပ်ပြီး အရင်ကိုယ်ထည်များထက် ၂၅ ရာခိုင်နှုန်း ပေါ့ပါးသည့် ဒရုန်းများကို Federal Wings ဒရုန်းတပ်ဖွဲ့၏  သုသေသန နဲ့ ဖွင့်ဖြိုးရေးဌာနမှ စမ်းသမ်း ထုတ်လုပ် တိုက်ပွဲဝင်နေကြောင်း သိရသည်။
  • ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နှင့် Ms. Julie Bishop ကို ခန့်အပ်ခဲ့မှုအပေါ် ဝမ်းမြောက်စွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက  ထုတ်ပြန်လိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF)က တော်လှန်ရေးသုံးနှစ်ပြည့် အခမ်းနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကောက်စိုက်တောင်သူများက အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်သည့်အနေနှင့် ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
  • မကွေးခရိုင်၊ မကွေးမြို့နယ် အခြေစိုက် ရဲတပ်ရင်း (၂၅) ကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က လက်လုပ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှု ရှိနိုင်ပြီး ရဲလိုင်းခန်းအချို့ ထိခိုက်ပျက်စီးသွားကြောင်း မကွေးတောင်ပိုင်း PDF တာဝန်ရှိသူတဦးက ပြောသည်။
  • စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမီးရှို့မှုကြောင့် မုံရွာမြို့နယ်အတွင်း ရွာပေါင်း ၂၀ရှိ လူနေအိမ်ခြေ ၁,၃၂၇ ပျက်စီးဆုံးရှုံးခဲ့ပြီး အကူအညီများ လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ဧပြီလ ၈ရက် ယမန့်နေ့ တွင် ထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကောက်စိုက်တောင်သူများက အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်သည့်အနေနှင့် ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
  • ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ပြည်သူများ နှင့်အတူ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဆန္ဒပြချီတက်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ် စစ်ကြောင်းနှင် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်း ပူးပေါင်းကာ ကျောင်းသား ပြည်သူလူထု နှင့်အတူ ဖက်ဆစ်စစ်တပ်ကို လေယာဉ်ဆီ ရောင်းချမှု ရပ်တန့်ရေး ကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကောက်စိုက်တောင်သူများက အကြမ်းဖက် စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်တိုက်ဖျက်သည့်အနေနှင့် ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။
  • မုံရွာမြို့နယ် တောင်ပိုင်းရှိ ကြာပိုင်ရွာမှ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရသည့် အိမ်ထောင် စုများ အတွက် ဆန်နှင့် ဆပ်ပြာများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
  • မြန်မာ- ထိုင်းနယ်စပ်က မြဝတီမြို့တွင် ဖြစ်ပွားနေသော အခြေအနေအများနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ဦးဆောင်သော အရေးပေါ် အစည်းအဝေးတခုကို ကျင်းပပြီး နယ်စပ်ကုန်သွယ်ရေး ကိစ္စများကို စောင့်ကြည့်ရန် လုပ်ငန်းကော်မတီ တခုဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။
  • မြဝတီကနေ တိမ်းရှောင်လာမည့် စစ်ကောင်စီတပ် အရာရှိများနှင့် မိသားစုဝင်များကို လေကြောင်း ကနေ ပြန်လည် ခေါ်ဆောင်နေသည့် ကိစ္စကို အာဏာသိမ်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာ ပြောရေးဆိုခွင့်ရအရာရှိ သာနာဝပ် ဆီရီကူလ်က အတည်ပြုပြော ဆိုသည်။
  • စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း မွန်ပြည်နယ် မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းရုံးသို့ ရောက်ရှိနေစဉ် ယမန်နေ့ည ကာမီကာဇေဒရုန်း နှစ်စီးဖြင့် တိုက်ခိုက် ခဲ့ကြောင်းနှင့် ရည်ရွယ်ရာပစ်မှတ်ကိုထိမှန်ကြောင်း ရှာထူးဝေါ်နည်းပညာ တပ်ဖွဲ့၏ Alpha bats တပ်ခွဲက မဇ္ဈိမကိုပြောသည်။
  • မွန်ပြည်နယ်၊ မော်လမြိုင် ရတခဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ဆင်​ရေးအစည်းအ​ဝေးပြုလုပ်​နေချိန် ကာမီကာ​ဇေ Fixed Wing Drone များဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။
  • တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ နှင့် ခမရ ၅၆၁ တပ်ရင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း – ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကချင်ပြည်နယ်၊ တရုတ်−မြန်မာနယ်စပ်မြို့၊ လွယ်ဂျယ်မှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ (၁၄၂) အတွင်း ခိုလှုံနေသော စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်၆၂ ဦးသည် ယမန်နေ့ (ဧပြီလ ၈ ရက်) ည ၁၁ နာရီခန့်တွင် တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားသည်ဟု KIA စစ်ရေးသတင်းရင်းမြစ်ထံမှသိရသည်။
  • ရှမ်းပြည်နယ်၊ မိုင်းငေါ့မြို့သည် TNLA ၏ အုပ်ချုပ်ရေး ယန္တရားအောက်တွင် ပုံမှန် အတိုင်း လည်ပတ်လျက်ရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ရာ ၁၀ တန်းကျောင်းသူ တစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း PNLA က ပြောဆိုသည်။
  • ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
  • စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲများ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ပြုလုပ်နေပြီဆိုပြီး ယနေ့ထုတ် စစ်ကောင်စီသတင်းစာများ၌ ဖော်ပြထားသည်။

စစ်ကောင်စီ

  • ရက္ခိုင့်တပ်​​တော်(AA)မှ အမ်း-ပဒါန်း ကားလမ်းပိတ်ဆို့ပြီး​နောက် စစ်ကောင်စီတပ် ဗိုလ်မှူး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲအချို့အမ်းမြို့မှ ထွက်​ပြေးသွား​ကြောင်း တပ်တွင်းနီးစပ်သူများ ထံကသိရသည်။
  • ကရင်ပြည်နယ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များ ထံ လက်နက်ချအညံ့ခံခဲ့သည့် သင်္ဃန်းညီနောင်ဗျုဟာမှူးက ၎င်းအနေဖြင့် အထက်ကိုမတင်ပြဘဲ ကိုယ် ပိုင်ဆုံးဖြတ်ခွင့်နှင့် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်စီသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြား သွားသည်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့၊ စိမ်းလဲ့မြိုင်ကားဝင်းအနီး အေးသုခကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကျဲပြီး ခလရ ၂၇၅က လက်နက်ကြီးများ စတင်ပစ်ခတ်နေ ကြောင်း မြ၀တီမြို့ အခြေစိုက် စစ်ရေး သတင်းရင်းမြစ်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • ကမ္ဘောဒီးယားနိုင်ငံ၊ ခေတ္တနိုင်ငံအကြီးအကဲနှင့် အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင် အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ဧပြီ ၈ ရက်တွင် ဖနောင်ပင် မြို့ရှိ အထက်လွှတ်တော်၌ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။
  • မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ” ရွှေပန်းထိမ်ဆိုင်ကိုလုယက်မှု ကျူးလွန်ခဲ့သူ အမျိုးသားခုနစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

ဧပြီ ၉ သုံးသပ်ချက်

  • စစ်ကောင်စီတပ်သည် ကချင်စစ်မျက်နှာတွင်လည်း စစ်ရှုံးပြီး ၎င်းတို့၏ စစ်သားများ ဝန်ထမ်းများ သည် တဖက်နိုင်ငံထဲသို့ ထွက်ပြေးနေရသကဲ့သို့ ကရင်ပြည်နယ်ဘက်တွင်လည်း ဗျူဟာစခန်း များပါ လက်နက်ချအညံ့ခံနေရသည်။ယခုလည်း မြဝတီနယ်စပ်ကုန်သွယ်ရေးမြို့သည် တော်လှန် ရေး အင်အားစုများလက်အောက်ကျရောက်ရန် လက်တစ်ကမ်းအလိုတွင်ရောက်နေသည့် အခြေအနေ များ ကြောင့် အရှေ့တောင်အာရှနိုင်ငံများအလယ်တွင် ကြွားခဲ့သမျှ စစ်ကောင်စီ အရှက်ကွဲ နေရသည်။