အိုင်အက်စ် ‘ခြိမ်းခြောက်မှု”ကြောင့် PSG နဲ့ ဘာစီလိုနာပွဲစဉ်အတွက် လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြင်သစ်ဝန်ကြီးက ပြော

Photo: AFP

By PKThawn

အစ္စလာမ္မစ်နိုင်ငံအဖွဲ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ပြင်သစ်မြို့တော်မှာ ပဲရစ်စိန့်ဂျာမိန်းနဲ့ ဘာစီလိုနာတို့ကြား ဗုဒ္ဓဟူးနေ့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ချထားမှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ဂျီဟတ်ဝါဒီအုပ်စုဟာ PSG ရဲ့ ပထမအကျော့ Parc des Princes ကွင်းမှာ ဘာစီလိုနဲ့ ထိပ်တိုက်ပွဲစဉ်သာမကဘဲ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေရဲ့ ကွာတားဖိုင်နယ်ပွဲများအားလုံးကို ခြိမ်းခြောက်ခဲ့ကြောင်း  ဂျာရဲလ် ဒါမန်နင်က ပြောပါတယ်။

“ဒီမနက်စောစောမှာ ကျနော်နဲ့ ပြောဆိုခဲ့တဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအစီအမံတွေကို သိသိသာသာ တိုးမြှင့်ထားပါတယ်”လို့ ဒါမန်နင်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်နဲ့ နီးစပ်သူတဦးက “အိုင်အက်စ်ဟာ သူ့ရဲ့ ဆက်သွယ်ရေးကြောင်းတွေထဲက တခုကို အသုံးပြုပြီး ပြင်သစ်ကို သီးသန့် ပစ်မှတ်ထားတာမဟုတ်ပေမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ခြိမ်းခြောက်ခဲ့တာပါ”လို့ ပြောပါတယ်။

(AFP)