ခိုလှုံခွင့်တောင်းထားသော မြဝတီမြို့စောင့်တပ်က စကစတပ်ဖွဲ့ဝင်များကို ထိုင်းဘက်က စတင်ခေါ်ထုတ်

ပုံအညွှန်း-အမှတ် (၂) တံတားမှတဆင့် အရပ်ဝတ်များဖြင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာကြပုံ

ပုံအညွှန်း-အမှတ် (၂) တံတားမှတဆင့် အရပ်ဝတ်များဖြင့် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာကြပုံ

YT

(မဇ္စျိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၇၅)မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများသည် အမှတ် (၂) ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားပေါ်မှတဆင့် အိမ်စီးကားဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာနေသည်ကို မဇ္စျိမက မြင်တွေ့ရသည်။

ထိုင်း- မြန်မာ အမှတ် (၂) တံတားပေါ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ Honda Fit ကားဖြင့် ယနေ့ ဧပြီလ ၁၁ ရက်နေ့၊ နေ့လယ် ၁၀ နာရီ ၅၀ မိနစ်တွင် စတင်ဝင်ရောက်လာခြင်း ဖြစ်သည်။

လက်နက်ချ စစ်သားများသည် မြဝတီဘက်ခြမ်းတွင် ယူနီဖောင်းလဲကာ အရပ်ဝတ်ဖြင့် ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိမှာ ရှစ်ဦးရှိပြီဖြစ်သည်။

အဆိုပါ ရှစ်ဦးအနက် ခြောက်ဦးကို ဖိုးဝှီးကားအပြာရောင်ဖြင့် တင်ဆောင်သွားသော်လည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးပေ။

ကျန်နှစ်ဦးမှာ ထိုင်း- မြန်မာ အမှတ် (၂) တံတား​၏ ထိုင်းဘက်ခြမ်းအဝင်ဂိတ်အတွင်း ရှိနေသည်။

မြ၀တီမြို့စောင့်တပ်ခလရ (၂၇၅) တပ်ရင်းကို KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက် အစောပိုင်းမှာ တိုက်ခိုက်သိမ်းယူပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံဘက်ခြမ်းမှာ ခိုလှုံခွင့်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။

စစ်ကောင်တပ်ဖွဲ့ဝင်များကို ခေါ်ထုတ်နေသည့် မြဝတီ- မဲဆောက် အမှတ် (၂) တံတားပေါ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို မတွေ့ရပေ။

စာတည်း။ ။ နောင်နောင်