နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁၃ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

  • အရှေ့အလယ်ပိုင်းဒေသရှိ ပါလက်စတိုင်းကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အ၀ ပါဝင်ခွင့် ပြုရေးနှင့် အသိအမှတ်ပြု လက်ခံရေး ကုလသမဂ္ဂအထွေထွေညီလာခံ၏ မဲခွဲဆုံးဖြတ်မှုတွင် မြန် မာနိုင်ငံကိုယ်စားပြု၍ NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ခံမဲပေးခဲ့ကြောင်း ကုလ သမဂ္ဂမှ လာသော သတင်းများအရ သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှ ပြည်သူ ၃၂ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်ထားသည့် ရာဇဝတ်မှုများ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေ၍ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ အရေးယူပေးရန် အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက  မေလ ၁၂ ရက်နေ့တွင် တိုက်တွန်း ထုတ်ပြန်ထားသည်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက မြေပြင်ပြည်သူ့ အခြေပြုကျောင်းများနှင့် ပညာ‌‌ရေး လုပ်ငန်းစဥ်များအားလုံး အကြမ်းဖက်စစ်ကောင်စီ ၏လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကနေ ကြိုတင် ရှောင်ရှား နိုင်ရန်အတွက် ယာယီပိတ်လိုက်ကြောင်း မြိုင်မြို့နယ် ပညာရေး ဘုတ်အဖွဲ့ က အသိပေး ထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ပွိုင့် ၁၀၂၀ ခြေကုပ်စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်လိုက်ကြောင်း Black Cobra Column စစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်သည်။
  • ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေရန် လေယာဥ်ဆီကို ဖြတ်တောက်စို့ ဓာတ်ပုံ ကမ်ပိန်းကို လူငယ့်အားမာန်သပိတ်ကော်မတီဝင်များက ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ပြည်သူ များပူးပေါင်ကာ “အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို လေယာဥ်​ဆီရောင်းပေး နေတာချက်ချင်းရပ်” ဟူသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြခဲ့ကြသည်။
  • ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၅/ဆလက လူထုသပိတ်စစ်ကြောင်းကမတရားသည့် စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရှိရသည်။
  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ရွှေဘိုမြို့နယ်သပိတ်အင်အားစုနှင့် ပြည်သူ များပူးပေါင်ကာ “အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို လေယာဥ်​ဆီရောင်းပေးနေ တာချက်ချင်းရပ်” ဟူသည့် ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ကျဆုံးရေးဆန္ဒပြခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ရဲဘော်နေမျိုးကျော်ကျဆုံးခြင်း ၃ လပြည့်တွင် ဒေသတွင်း လူထုများ၊ကာကွယ်ရေးတပ်သားများ၊မိသားစုဝင်များနှင့် သပိတ်ကော်မတီဝင်များက ၎င်း၏ အုတ်ဂူဆီသို့ ချီတက်အလေးပြုခဲ့ကြကြောင်း သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မန်ကျည်းအုပ်ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု တွင် ပြည်သူတစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ခုနစ်ဦးအထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။
  • ဧရာဝတီတိုင်း ၊ ပုသိမ်မြို့နယ် PSTF နှင့် ပ.က.ဖ သတင်းပြန်ကြားရေး ရုံးအဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ မွတ်စလင်ပြည်သူ ၇၀၀၀ ခန့်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခိုလှုံလာသဖြင့် ကူညီစောင့်ရှောက်မှုပေးကာ လုံခြုံသည့်နေရာ များသို့ ပို့ဆောင်ပေးထားကြောင်း AA ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနက ယနေ့ ထုတ်ပြန်သည်။
  • ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးကို ပြန်လွှတ်ပေးခဲ့ သည်ဟု မြန်မာအမျိုး သားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ယမန်နေ့၌ သတင်းထုတ်ပြန်သည်။
  • ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီး၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၁၃၅ တပ်ရင်း၏ ကာကင်းစခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ကလလတ ဗျူဟာ ၁ က ထုတ်ပြန်သည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီးလယ်အဖွဲ့က နောင်ရင်းကျေးရွာ၏ ရွာသူကြီးဖြစ်သူခွန်ဇာခွန် နှင် ခွန်ဇာခွန်၏ ညီဖြစ်သူ ခွန်ပလွန်ကို သတ်ဖြတ်ပြီးနောက် ခွန်ဇာခွန်မိသားစုပိုင်ဆိုင်သည့် ကုန်တင်ကားကိုလည်း မေလ ၁၁ ရက်ညပိုင်းတွင် ထပ်မံလာရောက် သိမ်းဆည်းသွားခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • လွန်ခဲ့သည့် ၃၃ နှစ်စစ်အစိုးရလက်ထက်က ဖြိုချခဲ့သည် ရှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံဟော်နန်း ကို၂၀၂၂ ခုနှစ်တွင် စစ်တပ်မှ ပုံစံတူ ပြန်တည် ဆောက်ပေးပြီး ယမန်နေ့တွင် ဖွင့်ပွဲပြုလုပ်ရာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
  • စစ်တပ်က ငပုတောမြို့နယ် NLD ပါတီဝင်ကို ဖမ်းသွားပြီး ၄ ရက်အကြာတွင် သူ့ရုပ်အလောင်းကို လာရောက်ထုတ်ယူရန် မိသားစုထံအကြောင်းကြားခဲ့သည်။
  • စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းမှ လက်ထုတ္တောကျေးရွာကို ယမန်နေ့ (မေ ၁၁) ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် အမျိုးသား ၃၁ ဦးကို သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။
  • နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်း ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

မေ ၁၃ ရက် သုံးသပ်ချက်

  • အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို စစ်ကြောရေးကို ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်လေ့ရှိသလို ၎င်းတို့ခံနေရပြီဆိုလျှင်လည်း ပြည်သူများကို ပစ်မှတ်ထားကာ အညှိုးဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်လေ့ရှိသည်။