ဘတ်ဂျတ်အကန့်အသတ်တွေထဲက NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန| Women & Children’s Hours (Ep 10)

စစ်ပွဲများ၊ ပထဝီနိုင်ငံရေးပြဿနာများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ဆင်းရဲမွဲတေမှုများ ကြုံတွေ့နေရသော အချိန်မှာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့်သာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ကုလသမဂ္ဂ၏ ၂၀၂၄ ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယခုနှစ်အတွက် ဆောင်ပုဒ်ဖြစ်သော Invest in Women, Accelerate Progress (အရှိန်အဟုန်နဲ့တိုးတက်ဖို့ အမျိုးသမီးများတွင် ရင်းနှီးမြုပ်နှံစို့) နှင့်အညီ  အမျိုးသားညီညွတ်ရေးအစိုးရ  အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကကော မည်သို့ဆောင်ရွက်မှုများရှိနေပါသလဲ။ ဘတ်ဂျက်အကန့်အသတ်ကြီးသော တော်လှန်ရေးအစိုးရတရပ်အနေဖြင့် မည်သို့သော စိန်ခေါ်မှုများကြုံတွေ့နေရပါသလဲ စသည်တို့ကို ယခုတပတ် Women and Childrens’ Hour အစီအစဉ်တွင် ကြည့်ရှု့ရမှာဖြစ်သည်။